Unicode
အပိုင်း -၆
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာAuthor - #ဆာရာမူး
“မာန် လာ..လာ…ဒီဆိုင်ခဏဝင်ရအောင်….”
“နေဦး..ကျွန်တော့်ကိုတအားမဆွဲနဲ့…ဟာ….ဘာဆိုင်ကြီးလဲ….”
ကုန်တိုက်ထဲတွင် စက်ကမာန့်ကို ဇွတ်အတင်းဆွဲခေါ်သွားသည့်ဆိုင်မှာအမျိုးသမီးအတွင်းဝတ် ရောင်းတဲ့ဆိုင်ဖြစ်သည်။
“လွှတ်စမ်း…ခင်ဗျား ကျွန်တော့်လည်းအားနာဦးဗျ….”
“အံမာ ရှက်မနေစမ်းပါနဲ့…ဒီနားမှာ ခဏစောင့်….”
သူ့မှာ ပန်တော်စက်ဆွဲခေါ်ရာနောက် တွန့်ဆုတ်တွန့်ဆုတ်နှင့် ပါသွားသည်။အရောင်အသွေးစုံလှပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိနေသည့် ဘရာစီယာဆိုင်ရှေ့မှာ ယောင်လည်လည်နဲ့ ရပ်နေရ၏။သူ့လက်ထဲမှာလည်း သူမဝယ်ထားတဲ့ ပစ္စည်းတွေကအပြည့်...
“ညီမလေး..အစ်မ ဒီပုံလေးကြိုက်လို့…”
“ဟုတ်ကဲ့မမ…ဒါလေးက '----' ပါရှင့်...”
“တိုင်းကြည့်မယ်နော် ညီမ….”
“ဟုတ်ကဲ့..ရတယ်မမ…”
ပန်တော်စက်နဲ့ အရောင်းစာရေးမလေးပြောနေတာကို သူ အတိုင်းသားကြားနေသည်။မျက်နှာတွေလည်း ပူလှပြီ။
“ဆိုဒ်က အစ်မနဲ့နည်းနည်းကြီးနေတယ်ညီမလေး...အသေးမရှိဘူးလား…”
“ဒါ အသေးဆုံးဆိုဒ်ပဲ မမရဲ့…”
“ဟင်..ဟုတ်လား...ဒုက္ခပဲ...အသေးဆုံးဆိုဒ်တောင် အစ်မနဲ့ကြီးတယ်တော့...ဒါလေးကလှတဲ့ဟာကို...ကဲပါ..တခြားထဲကပဲ ကြည့်တော့မယ်...”
သူမအသံကြားပြီး သူ့မျက်နှာက မချိုမချဉ်ဖြစ်လာသည်။
*အဖြစ်လည်းမရှိဘဲနဲ့ ဝတ်ချင်တာက မယ်ဗမာဆိုဒ်နဲ့...ဘောပြားမက...
စိတ်ထဲကနေ ပျစ်ပျစ်နစ်နစ်ကို ဝေဖန်လိုက်သည်။
“သွားစို့ မာန်….”
“ပြီးပြီလား…ဘာကျန်သေးလဲ…”
“ပြီးပြီ…ပြီးပြီ…တကတည်း…ဒါလေးလိုက်ပို့တာကို အီးမှန်ထားတဲ့ရုပ်နဲ့….”
YOU ARE READING
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာ