အပိုင်း - ၁၈
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာAuthor - #ဆာရာမူး
ပိုချစ်ရတဲ့သူက ပိုလွမ်းရတယ် ထင်ပါရဲ့...
ညတိုင်းလည်း ဖုန်းပြောဖြစ်သည်။အားတဲ့အချိန်တိုင်းလည်း ဗွီဒီယိုကောလ်(video call)ပြောရင်း အလွမ်းဖြေ
နိုင်သည်။ဒါနဲ့ကို သူ့မှာ လွမ်းစိတ်ကမပြေ။ဘယ်ပြေနိုင်မှာလဲလေ...နူးညံ့အိထွေးလှတဲ့အနမ်းလေးတွေကို တမ်းတရင်း ညစဥ်ညတိုင်း အိပ်ရာပေါ်မှာအလူးလူးအလိမ်လိမ့်ခံစားနေရတာ သူကိုယ်တိုင်ပဲသိသည်။
သူ့မှာသာ သေလုအောင်ခံစားနေရသလောက် မစက်ကတော့ ပျော်ရွှင်ကြည်နူးနေလိုက်တာ....မိုးမမြင်လေမမြင်ကိုဖြစ်နေပြီ။
မ တင်သမျှပုံလေးတွေက ရယ်မောပြီး အပြစ်ကင်းစင်နေတဲ့ ပုံလေးတွေချည်းပဲ
မို့ သူ့မှာဒါလေးတွေကြည့်ပြီး လွမ်းသည့်စိတ်ကို မျိုသိပ်နေရ၏။fb ဖွင့်သည်နှင့် အရင်ဆုံး မ ရဲ့ဝေါလ်ကိုသွားပြီး ဒီနေ့ဘာတင်လဲဆိုတာကို ကြည့်ရခြင်းက သူ့ရဲ့နေ့စဉ်အလုပ်ဖြစ်လာသည်။
မ တို့ထွက်သွားတာ တော်တော်ကြာပြီ။တစ်ခေါက်မှ အလည်လေးတောင်ပြန်မလာဘဲ ညီအမနှစ်ယောက်ပေါင်းပြီး မန္တလေးမှာ ကဲနေကြသည်။
ငရဲ ဘွဲ့ယူပြီးလျှင်တော့ ဖေဖေတို့ဆီခွင့်တောင်းပြီး မန္တလေးကိုလိုက်သွားရမည်။
💮💮💮💮💮💮💮💮💮💮💮💮
*တန် တန် တင်...တန် တန် တင်....
"ဟဲလို...."
"အေး....ချစ်လေး...နင်ဘာလုပ်နေတာလဲ...ငါ့ဆီ ဖုန်းလည်းမခေါ်ဘူး...."
"ဟီး ဟီးး...ငါ ခုရက်ပိုင်း အလုပ်နည်းနည်းရှုပ်နေလို့ပါဟ..."
သစ်ဖြေသံကြားတော့ ရဲမာန်သစ်၏ အလိုမကျစိတ်တွေက ပိုလို့တောင်များလာသည်။
"နင့်ပြောလိုက်ရင် အလုပ်ရှုပ်နေတာချည်းပဲ...ငါက နင့်ချစ်သူဆိုတာရော သိသေးရဲ့လား..."
"သိပါတယ်...ရဲ ကလည်း...ဖုန်းပြောရတဲ့ခဏလေးကို ငါ့လာရစ်မနေစမ်းပါနဲ့..."
YOU ARE READING
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာ