အပိုင်း - ၁၆
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာAuthor - #ဆာရာမူး
ဒီနေ့ စက်အလုပ်က မနက်အစောဂျူတီဖြစ်သည့်အတွက် ညနေပိုင်းမှာ သူမအားနေပါသည်။မနက်ဖြန်ဆို မန္တလေးကို သွားရတော့မည်။
မန္တလေးဆိုတာ စက်နှင့်စိမ်းသက်သည့်ဒေသတော့ မဟုတ်ပေ။သူမမွေးဖွားရာ ဇာတိချက်မြုပ်ဖြစ်တဲ့ မတ္တရာမြိုနယ် ကျောက်တံတားရွာနှင့် မန္တလေးဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လို သွားလို့လာလို့လွယ်ကူသည့်နေရာဖြစ်သည်။
ကိုကိုကြီး ထောင်မှပြန်လွတ်လာပြီးနောက် မောင်နှမနှစ်ယောက် အတူတူနေကြမည်ဆိုတော့လည်း ရွာမှာရှိသည့်မိဘလက်ငုတ်လက်ရင်း အိမ်ကလေးမှာ ပြန်လာနေခဲ့ကြသည်။
စက်မှာ ငယ်ရွယ်စဉ်အချိန် အသက် ၂၀ အထိ ဘဝကို အပူအပင်မရှိ ဖြတ်သန်းခဲ့သည်။ဖေလူချောတို့ဆီမှာ ဆယ်တန်းအောင်ခဲ့ပြီးမန္တလေးမှာ အဝေးသင်နဲ့ဘွဲ့ရခဲ့၏။ဘွဲ့ရပြီးတော့လည်း ရွာမှာဘာအလုပ်မှမယ်မယ်ရရမရှိလတ်လျားလတ်လျား နေခဲ့ပြန်သည်။
ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်၊ရည်ရွယ်ချက်ရယ်လို့ ဘာတစ်ခုမှမရှိပေ။တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက် ဂိမ်းဆော့လိုက်ဖြင့် ဘဝကို ပေပေတေတေဖြတ်သန်းလာရင်း ကိုကိုကြီးအိမ်ထောင်ကျလေတော့ စက်ဘဝပြောင်းလဲဖို့ ကံကြမ္မာဖန်လာသည်။
စည်းကမ်းကြီးပြီး အရာရာကို စည်းစနစ်ဘောင်အတိုင်းသွားတဲ့ ကိုကိုကြီး အိမ်ထောင်ဖက်က စက်နေထိုင်မှုပုံစံကို အမြင်မကြည်တော့ပေ။ကိုကိုကြီးလိုထောင်ထွက်မျိုးကို နှစ်နှစ်ကာကာချစ်မြတ်နိုးပြီး မယားဝတ္တရားကျေပြွန်စွာ ပေါင်းသင်းနေပေးသည့်ယောက်မမို့ အစောပိုင်းကာလများမှာတော့ စက်လည်း သည်းခံခဲ့ပါသေးသည်။သည်းမခံနိုင်သည့်အဆုံး ဖေလူချောတို့ဆီ နောက်တစ်ခေါက်ပြန်ရောက်လာခဲ့၏။
အန်တီစံတို့က ဆွေစဉ်မျိုးဆက်ချမ်းသာတဲ့သူများဖြစ်ကြပြီး တချိန်တုန်းက အန်တီစံလည်း နာမည်ကျော်အနုပညာရှင်ဖြစ်ခဲ့သည်။ဖေလူချောနဲ့အကြောင်းပါပြီးမှ သူ့ဘဝကို မိသားစုအတွက်မြုပ်နှံထားခဲ့သူဖြစ်၏။
VOCÊ ESTÁ LENDO
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာ