2

2.5K 97 6
                                    

အပိုင်း - ၂

"စက် ဒီလာဦး...ပြောစရာရှိလို့...."

"ခဏလေးဖေလူချော...ဒီမှာတစ်ပွဲပြီးတော့မှာ...ဟာ တိုက်လေကွာ...ဘာလုပ်နေတာလဲ...."

လူချောမျက်ခုံးတွေ အလိုမကျမှုကြောင့်တွန့်လာသည်။ဒီကောင်မလေးက သူ အလိုလိုက်လွန်းလို့ တဖြည်းဖြည်းနှင့်ရောင့်တက်လာပြီ။

"မိ......စက်....."

*ခလွမ်း

*ဒေါက်

*ညှောင်

*ဟာ...သွားပြီငါ့စာအုပ်...

လူချော၏ဟိန်းခနဲထွက်လာသည့်အော်သံအဆုံးမှာ အသံတွေစုံနေအောင်ထွက်သွားသည်။

သစ်ကကော်ဖီခွက်ကိုင်လာချိန် ဖေဖေ့အော်သံကြောင့်ပြုတ်ကျသွားပြီး ရဲမာန်စာအုပ်‌ပေါ်မှောက်သွားသည်။

စက်မှာလည်း လန့်ဖျပ်ပြီးကိုင်ထားသည့်ဖုန်းကလွတ်ကျသွား၏။ကြောင့်ခေါင်းပေါ်တည့်တည့်ကျတော့ ကြောင်ကထအော်သည်။ထိုကြောင်က အားမာန်မွေးထားသည့်ကြောင်။စက်တော့ မာန်နှင့်ရန်သတ်ရဦးမှာမြင်ယောင်နေသည်။လောလောဆယ် ဖေလူချောကိုအရင်ဖားရမည်။အဖေ့ကိုကြည့်တော့ ရာသီဥတုက မုန်တိုင်းထန်နေသည်။သေချာပြီ အဆူခံရတော့မည်။

"ဟဲ..ဟဲ...ဖေလူချော...စက်က ဈာန်ဝင်သွားလို့ပါ...အခုရပြီ...ပြောစရာရှိတာပြောလေ...စက်က ဖေ့စကားဆို နားထောင်ပြီးသား ဟီး...ဟီး..."

"ထင်သားပဲ...ဖားတော့မယ်ဆိုတာ...."

သစ်ရဲ့မကြားတကြားနှင့်စောင်းပြောသံကိုကြားရ၏။

"သူများပြောမနေနဲ့...နင့်ကြောင့် ငါ့စာအုပ်စွန်းသွားပြီ...ပြောင်အောင်ပြန်လုပ်ပေး...."

"ဟဲ့ မတော်တဆဖြစ်တာပဲ...စွန်းသွားမှတော့ အသစ်ထုတ်ပေါ့...."

*‌ညှောင်...ညှောင်...ညှောင်...

မာန်ဝင်လာချိန်မှာ ကြောင်လေးကသူ့သခင်မြင်တော့ ‌လူကဲ့သို့အပြေးလေးသွားတိုင်သည်။

"ဖေ့သားကြီး...ဘာလို့အော်နေတာတုံးကွ...."

"နင့်ကြောင်ကို မစက်ကဖုန်းနဲ့ပေါက်တာလေ..."

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာDonde viven las historias. Descúbrelo ahora