3

2.1K 92 5
                                    

အပိုင်း -၃

အိမ်ထဲမှာ လူစုံနေကြသည်။ပြဿနာတစ်ခုကို အကြိတ်အနယ်ဖြေရှင်းနေခြင်းဆိုတာထက် တစ်အိမ်လုံး၏အသည်းကျော်လေးကို ချော့နေရခြင်းဖြစ်သည်။

"အဟင့်...ဟင့်...မတက်ရဘူးလို့...သစ်လက်မခံဘူး...."

"သမီးလေးကလည်း ဆိုးစရာမရှိ...ကြံဖန်ဆိုးနေတာကွယ်..."

ခြေနှစ်ချောင်းဆင်းပြီး အပီအပြင်ကိုကောက်နေသည့်သစ်ကို ချော့မရတော့ ပင်တိုင်စံ  ညည်းညူမိသည်။

"မသိဘူး...သွား....သစ် လက်မခံဘူး...."

"သားရယ်...သစ်နဲ့အတူတူလိုက်တက်ပါ့လား...."

နွယ်ရုံက သားဖြစ်သူကို လေပြေထိုးပြန်သည်။

"မရဘူးအမေ...ဒီတစ်ခါတော့ သားအလျော့မပေးနိုင်ဘူး....ဒါကသားရည်မှန်းချက်ပဲ...."

"မဟုတ်ဘူးလေ...အမေပြောတာက ဒဂုံမှာလည်း အင်္ဂလိပ်စာမေဂျာယူလို့ရတာပဲလေ..."

"မတူဘူးအမေရဲ့...သားက YUFL(ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်) က အင်္ဂလိပ်စာဘွဲ့ပဲ လိုချင်တာပါဆို....သားအမှတ်နဲ့လည်း မီ‌တဲ့ဟာကို....သူ သားနဲ့အတူတက်ချင်ရင် အစကတည်းကကြိုးစားခဲ့ပါ့လား...."

"ဟဲ့ ငါမှ ဉာဏ်မကောင်းတဲ့ဟာကို..."

"ငါသင်ပေးမယ်ပြောတော့ နင်အပျင်းတစ်နေတာလေ...."

သစ်က ငိုနေရင်းမှ ရဲနှင့်ရန်ဖြစ်ပြန်သည်။မာန်နှင့်ရဲက ဆယ်တန်းကိုထူးထူးချွန်ချွန်အောင်ခဲ့သော်လည်း သစ်ကအောင်တယ်ဆိုရုံလေးသာ လွတ်လာသည်။တက္ကသိုလ်ရွေးကြသည့်အခါ
ရဲက YUFL တက်ချင်သည်။မာန်က GTC တက်မည်။သစ်တစ်ယောက်သာ ဒဂုံတက္ကသိုလ်သွားရမည်ဖြစ်၍ ဂျီကျနေခြင်းဖြစ်၏။

"မရဘူးပဲ....နင်တို့နှစ်ယောက်လုံး ငါနဲ့အတူတူတက်ရမှာ...."

"ဟေ့...ငါ့လာပြီးဆွဲမထည့်နဲ့...ငါက အစကတည်းက GTC တက်ဖို့ကြိုးစားခဲ့တာ...နင့်ဟာနင် ရဲကိုနိုင်အောင်ပြော...."

တစ်ချိန်လုံးငြိမ်နေသည့်မာန့်ဆီက အသံထွက်လာသည်။သူ့မှာ အင်ဂျင်နီယာဖြစ်ချင်လွန်းလို့ကြိုးစားခဲ့ရတာ...ဒဂုံသွားစရာလား...

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာDonde viven las historias. Descúbrelo ahora