အပိုင်း - ၇
*ဒေါက်...ဒေါက်...
"မာန်...မင်းငါ့ကို ကွန်ပျူတာသင်ပေးမှာဆို...အားပြီလား...."
"အားပြီ...ဝင်ခဲ့...."
သူမဝင်လာသောအချိန်မှာ ကော်ဖီသောက်နေသည့်အားမာန်သစ် အရည်တွေကိုမျိုမချနိုင်ဖြစ်သွား၏။ဆံပင်မရှည်သေးသော်လည်း
ကုပ်ဝဲမရောက်တရောက်အနေအထားမှာ
မျက်မှန်နှင့်၊ ထို့ထက်ပိုထူးခြားသည်
က သူမြင်နေကျ ပွရောင်းရောင်းအင်္ကျီဘောင်းဘီမျိုးမဟုတ်ဘဲ ဒူးအတိဂါဝန်အပြာရောင်လေးက မစက်ကိုတကယ်ပဲချစ်စရာကောင်းလွန်းစေသည်။
သူ့စိတ်ထဲမှာ အချစ်သစ်က မစက်ကို လှအောင်ပြင်ပေးတတ်သားပဲဟု ကိုယ့်ညီမကို အမှတ်ပေးမိ၏။“ဟဲ့ ဘာကြောင်နေတာလဲ….သင်မယ်လေ….”
“ဪ…အင်းပါ..ခင်ဗျားလက်တော့ကို ကျွန်တော့်စားပွဲပေါ်တင်လိုက်…ကီးဘုတ်အကြီးနဲ့ ချိတ်ပေးမယ်…”
“ငါက ဘယ်မှာထိုင်ရမှာလဲ…”
“ကျွန်တော့်စာကြည့်စားပွဲမှာထိုင်ပေါ့..ဘယ်မှာထိုင်ချင်သေးလို့လဲ…”
“အေးပါ…”
မစက်ကို သူ့စားပွဲမှာထိုင်စေပြီး လက်တော့ကို စဖွင့်ခြင်းကနေ သင်ပေးသည်။ပြီးသည့်နောက် လက်ကွက်ကျင့်ဖို့စတော့၏။သူမဘေးနားရပ်ပြီးလက်ကွက်ကျင့်နိုင်ရန်သင်ပေးရသည်မှာ သူ့အတွက်အဆင်မပြေလာ၍
သူမအနောက်မှာသွားရပ်ပြီး သူမလက်ပေါ်မှတစ်ဆင့်သူ့လက်နှင့်ထပ်အုပ်ကိုင်သည်။သူ့အရပ်က ရှည်လွန်းသဖြင့် ခါးနည်းနည်းကုန်းရသေး၏။စက် နားရွက်နောက်နားမှမာန့်အသက်ရှူသံသဲ့သဲ့ကိုကြားရသည်။သူမရင်တွေတုန်လာ၏။ကောင်လေးငယ်ငယ်ဆီမှအနံ့က သူမကိုဘာကြောင့်ရင်တုန်စေသည်မသိပေ။
“မာန်….ငါ..အဲ..အဲလိုကြီးမသင်ချင်ဘူး…”
“ဘာလို့လဲ…ခင်ဗျားလက်က မျောက်က ကနေတဲ့အတိုင်း အနေအထားမမှန်လို့… မှန်အောင်ပြင်ပေးနေတာကို….”
“ဒါပေမဲ့ ငါက….”
“ဘာလဲ…ခင်ဗျား ကျွန်တော့်ရင်ခွင်ထဲရောက်နေလို့လား…”
BẠN ĐANG ĐỌC
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာ