13

1.8K 85 4
                                    

Unicode

ရဲမာန် အချစ်သစ်အခန်းထဲဝင်ဖို့ရန်တံခါးကိုဖွင့်လိုက်၏။အတွင်းမှ လော့ချထားသည်။

"အချစ်သစ် ငါပါ...တံခါးဖွင့်ပေးဦး...."

"သစ် နင်ဘာဖြစ်နေတာကွာ....တံခါးဖွင့်...."

အချိန်နည်းနည်းကြာပြီးနောက်မှာ အချစ်သစ် သူမအခန်းထဲမှထွက်လာသည်။

ရဲမာန်သစ် သူမမျက်နှာကို စူးစိုက်အကဲခတ်၏။မျက်လုံးတွေက ဖောင်းအစ်ထွက်နေပြီး ပြင်းပြင်းထန်ထန်ကိုငိုထားတဲ့ လက္ခဏာဖြစ်သည်။

"သစ် နင်ဘာဖြစ်တာလဲ...ငိုထားတာလား...."

"ဘာကိစ္စနဲ့လာတာလဲ....အောက်မှာရှိနေရမှာ မဟုတ်ဘူးလား...."

သူ့အမေးကိုမဖြေဘဲ သစ်ကအက်ကွဲကွဲအသံနဲ့ သူ့ကိုပြန်မေးသည်။

"နင် ငါ့ကို စိတ်ဆိုးနေတာလား
သစ်....ကိတ်မုန့်က နင့်ကို ငါ...."

"နင့်ကြောင့်လို့ ဘာလို့ထင်ရတာလဲ ရဲ...."

သူ့စကားကိုဖြတ်ပြီး သစ်က အော်သည်။

"မဟုတ်ဘူးလေ သစ်ရာ.....ငါက ရွှေစင့်ကို...."

"တော်စမ်းပါ...."

ရဲ ပါးစပ်မှ ရွှေစင်ဆိုတဲ့အမည်နာမကို ရွေရွတ်လိုက်တာနဲ့ သစ်နားထဲ ခါးသက်သွားသည်။

"ငါ့ဟာငါ ငါ့ချစ်သူမလာလို့ ဝမ်းနည်းပြီးငိုတာ...."

"ဘာ..အချစ်သစ်...နင်ဘာပြောလိုက်တယ်..."

"နင် မကြားဘူးလား....ငါ့ချစ်သူက ငါ့မွေးနေ့ကိုမလာလို့ ဝမ်းနည်းပြီး ငိုတာ....."

"မဟုတ်ဘူး....နင် ငါ့ကို ဘာတွေလာပြီးအကြောင်ရိုက်နေတာလဲ သစ်...နင့်မှာ ဘယ်ကချစ်သူရှိလို့လဲ..."

ရဲမာန်သစ် မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ သူမကိုကြည့်ပြီး မေးမိသည်။သူမျှော်လင့်ထားတာက ဒီစကားတွေ မဟုတ်။

ကိတ်မုန့်မစားရတဲ့ သစ်ကိုချော့ဖို့စကားလုံးတွေတောင် ရွေးချယ်ပြီး သူ့မှာအပြေးလေးလာခဲ့ရသည်...ဒါတွေကြားရဖို့ မဟုတ်ပေ။

"ငါ့မှာ ချစ်သူရှိပါပြီလို့ နင့်ကိုတင်ပြနေရဦးမှာလား ရဲမာန်သစ်...."

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာWhere stories live. Discover now