Unicode
Taehyung ကိုပွေ့ချီကာဖြင့် အိမ်ထဲသို့ ဝင်လာတော့ အလုပ်သမားတွေဟာ ပြာသလဲလဲဖြင့်။
"ဒေါက်တာ Han ကိုအခုချက်ချင်းခေါ်"
တစ်ယောက်ကိုခိုင်းလိုက်ပြီး အိမ်အပေါ်ထပ် အခန်းရှိရာသို့ ပွေ့ချီလာကာ ကုတင်ထက်တွင် ချလိုက်သည်။
"တစ်ယောက်ယောက်ရေနွေးယူခဲ့ကြစမ်း"
အမိန့်တစ်ခုဟာ ဟိန်းထွက်လာပြီး အလုပ်သမားတွေ ရှိန်တိန်းတိန်းဖြင့်။ အခန်းထဲသို့ ဖန်ဇလုံးလေးနဲ့ ထည့်လာသည့် ရေနွေးပန်းကန်လုံးလေးကို ယူလာကာ ကုတင်နားက စားပွဲပေါ်တွင် တင်ပေးလာသည်။
ထို့နောက် အဖြူရောင် တဘတ်တစ်ထည်အသေးလေးကိုယူလိုက်ပြီး ခြေဖဝါးသေးသေးလေးနဲ့ ခြေဖနောင့်တစ်ဝိုက်မှာရှိနေသည့် ဒဏ်ရာသေးသေးလေးတွေကို ရေနွေးဖြင့် Jeon Henry ကိုယ်တိုင်ဆေးပေးနေမိသည်။
မကြာခင် ဒေါက်တာ Han က ရောက်လာကာ အခန်းထဲသို့ ဝင်လာပြီး ကုတင်ထက်က Taehyung ကိုတစ်ချက်ကြည့်သည်။
"ဘယ်လိုဖြစ်တာလဲ"
"အတူနေလိုက်တယ်...နေမကောင်းတာကိုသိပင်မဲ့ ထွက်ပြေးမယ်မှန်းမသိတော့ အဲ့အချိန်မှာ ပိုဆိုးသွားတယ်ထင်တယ်"
Taehyung ရဲ့ လည်ပင်းက အနီကွက်တွေနဲ့အတူ Jeon Henry ရဲ့ စကားကြောင့် ဘယ်လိုအခြေအနေတစ်ခုရှိနေခဲ့လည်းဆိုတာကို ဒေါက်တာ Han သည်တစ်ချက်ကြည့်ရုံနဲ့ သဘောပေါက်သည်။
ထို့နောက် ကုတင်ထက်တွင် မေ့မျောသည့် Taehyung ကိုစမ်းသပ်ကာ ဆေးချိတ်ပေးလိုက်သည်နှင့် တစ်ဖက်တွင်ထိုင်နေသည့် Jeon Henry ရဲ့အနားသို့ သွားလိုက်သည်။
Jeon Henry ရဲ့ ဇတ်ပိုးကို ဖြောင်းခနဲ မြည်အောင်ရိုက်လိုက်သေးသည်။
"နာတယ်ကွ...အာ...တကယ်ပါဘဲ"
"မင်းမသိဘူးလား...သူ့ပထမဆုံးအကြိမ်ဆိုတာ...အဲ့လောက်တောင် ပေါ့ဆရသလား Henry"
"ဂရုစိုက်ဖို့ကြိုးစားတာဘဲ...သူ့ဘာသာသူ ထွက်ပြေးသွားပြီးတစ်ချိန်လုံးအပြင်မှာ ရှိနေခဲ့တာလေ...ဘယ်လောက်တောင်ပတ်ရှာခဲ့ရတယ်ထင်လဲ....Jeon Taehyung တို့က မင်းမသိလို့...သိပ်ဆိုးတယ်...သူလုပ်ချင်ရာရအောင်လုပ်တာ"