Unicode
အခုအထိ ကားပေါ်တွင် ရှိနေကာ အေးစက်မှုဒဏ်ကော ခံပြင်းမှုဒဏ်ကော ရောယှက်နေပြီး ဒေါက်တာ Han သည် ထိန်းချုပ်ထားလျက်ဖြင့်။
"မသွားသေးဘူးဆိုတာ ကျွန်မကားငှားပြန်တော့မယ်..."
"ဘာကိစ္စ သူ့အိမ်ရောက်သွားတာလဲ"
"အဲ့တာ ကျွန်မ ကိစ္စပါ ဒေါက်တာ...ရှင်က သူ့သူငယ်ချင်းဆိုတိုင်း ကျွန်မစိတ်အခြေအနေတွေကို ရှင့်ကိုပြောပြဖို့မလိုဘူးထင်တာဘဲ"
"ကိုယ်က မင်းနဲ့လက်ထပ်မယ့်သူလေ...မင်းဘယ်သွားလဲ ဘာဖြစ်လဲ ဆိုတာ ကိုယ်သိသင့်ပါတယ်...အခုကော Henry အိမ်ကိုသွားလိုက်တာဘာရလိုက်သလဲ"
"ကျွန်မ ရှင်နဲ့လက်ထပ်ဖို့ခေါင်းမငြိမ့်ရသေးဘူးလေ..."
"ကိုယ်မေးတာဖြေပါ...ဘာရလိုက်သလဲ...မြင်ဖူးသွားပြီမလား...သူ့ချစ်သူကိုလေ...ကိုယ်တို့ရဲ့ Henry နဲ့ပတ်သတ်ရင် မင်းက နောက်ဆုံးမှာဘဲရှိနေမှာ...Henry က အခုသူ့ချစ်ရသူကို သဲသဲလှုပ်အထိမခံသလို ကိုယ်ကလည်းမင်းနဲ့ပတ်သတ်ရင်အထိခံမှာမဟုတ်ဘူး...မင်းကြောင့် ကိုယ်တို့သူငယ်ချင်းနှစ်ယောက်ကြားလည်း အက်ကြောင်းမထင်ချင်ဘူး...မင်းနဲ့ပတ်သတ်ရင်လည်း Henry ကစိတ်ဝင်စားမှာမဟုတ်ဘူး"
"ရှင်တို့က Henry နဲ့ပတ်သတ်ရင် ကျွန်မကို သိပ်အထင်သေးကြတာဘဲ...ကျွန်မက ချစ်မိရုံလေးပါဘဲ...ဘာလို့နာကျင်အောင်သိပ်ပြောကြတာလဲ"
ဒေါက်တာ Han သည် အံကြိတ်လျက် တစ်ဖက်သို့ လှည့်လိုက်သည်။ ကိုယ်က အထင်သေးတာမှ မဟုတ်တာ။ ကိုယ်နဲ့လက်ထပ်မဲ့မိန်းကလေးက ဒီလိုဆိုရင် တစ်ဖက်လူတွေ ရှုံ့ချမှာဆိုးလို့ မခံနိုင်လို့ တားနေရတာ။
ပြီးတော့ မဖြစ်နိုင်တဲ့အချစ်ကြီးကို တမ်းတပြနေတာကို လက်မခံနိုင်တာ။ ရှိနေတဲ့အရာတွေကို လက်ခံသင့်ပြီး ကျန်ရှိနေတဲ့ဘဝတစ်လျှောက်ကို ကိုယ်နဲ့အေးအေးချမ်းချမ်းဖြတ်သန်းဖို့ ဆုံးဖြတ်စေချင်တာ။
Henry ကိုချစ်နေတာက ရူးမိုက်ခြင်းတစ်မျိုးဘဲ။
"နောက်ဆုတ်လိုက်ပါ...Henry ကအဲ့ကလေးကို လက်ထပ်မှာ...ပွဲလန့်တုံးဖျာဝင်ခင်းတာမဟုတ်ဘူး...မင်းဘဲနာကျင်ရမှာဆိုးလို့...အထင်သေးနေလို့ပြောတာမဟုတ်ဘူး...ကိုယ်လက်ထပ်ဖို့ရည်ရွယ်ထားတဲ့မိန်းကလေးကို မနာကျင်စေချင်ဘူး...အချိန်တွေရှိသေးတယ်....နောက်ဆုတ်လိုက်ကြရအောင်..."