Unicode
သတိလည်လာသော်လည်း မျက်ဝန်းတွင် ပိတ်ထားသည့် အဝတ်စအမဲကြောင့် မှောင်ရိပ်နေကာရှိသည်။
ခေါင်းကိုလှုပ်ရမ်းကာဖြင့် ရောက်နေသည့်နေရာကို စူးစမ်းလိုက်ပင်မဲ့ တိတ်ဆိတ်နေခြင်းသာ။
လက်တွေဟာ ရုန်းကန်နေလို့မရသလို ထိန်းချုပ်ထားသလိုမျိုး။
"Jeon Henry"
ပုံမှန်အသံဖြင့် ခေါ်လိုက်သော်လည်း တိတ်ဆိတ်နေသည့် အခန်းကြောင့် လိုတာထက် Taehyung ရဲ့ အသံက ပိုကျယ်နေစွာ။
"ငါကြောက်တယ်နော်...ငါ့ကို ဒီလိုမစနဲ့ Jeon Henry...ရှိနေရင် အသံပေးစမ်းပါ"
ဘယ်လိုမှ ရုန်းကန်၍ သလို ငိုချင်စိတ်တွေဟာ အလုံးအရင်းတက်လာတော့သည်။ ဘယ်လိုဘဲပြောပြော ဒါကြီးက နေရခက်တဲ့အခြေအနေတစ်ခု။ မျက်လုံးလည်း ပိတ်ခံထားရသလို လက်တွေခြေထောက်တွေဟာလည်း တုတ်နှောင်ခံထားရတာ ဘယ်လောက်နေရခက်သလဲ။
Jeon Henry က မကျေနပ်တာတွေကို သူ့စိတ်တိုင်းကျ လုပ်ချင်ရာတွေ လုပ်နေတော့တာ။
"အငြိမ်နေကွာ Taehyung ရာ...ကိုယ်မင်းကို ပန်းချီကားတစ်ချပ်လို တစ်စိမ့်စိမ့်ထိုင်ကြည့်နေခဲ့တာ မနေ့ညကတည်းက...ပြီးတော့ အဲ့ပန်းချီကားလေးကို ဖျက်ဆီးချင်စိတ်ကလည်း တစ်ဟုန်ထိုးတက်နေတယ်...ကိုယ်ဘာလုပ်သင့်သလဲ";င်းတစ်ချို့နဲ့အတူ ကြောက်စိတ်တစ်ချို့ဟာလည်း ရောယှက်နေသေးသည်။
"ဖယ်ပေးမယ်...ကိုယ့်ကိုဘဲ ကြည့်နေပေး"
လည်ပင်းထက်ကို လက်ဖြင့်ခပ်ဖွဖွပွတ်ဆွဲလာတော့ ကြက်သီးတစ်ဖျင်းဖျင်းထလျက်။ နှုတ်ခမ်းကိုပါ ပွတ်ဆွဲသွားပြီး မျက်ဝန်းထက်ကို ပိတ်ထားသည့် အဝတ်စအမဲလေးကို ဆွဲချပေးလာသည်။
"မျက်လုံးကို ချက်ချင်းဖွင့်လို့ရတယ်...အခန်းအရောင်က အနီရောင်မို့ မင်းမျက်လုံးမပြာပါဘူး"
မျက်လုံးကိုတစ်ဖြည်းဖြည်း ဖွင့်ကြည့်လိုက်တော့ အုပ်မိုးလျက်ရှိနေသည့် Jeon Henry ကပြုံးပြလာသည်။
"အဆိုးလေးကိုအလိုလိုက်ရတယ်...ပြီးရင် ကိုယ်ဘဲခံရတယ်...ဒေါသလည်း မထွက်ရက်ပင်မဲ့ သိပ်ကို စိတ်ဆိုးတော့ မင်းတော့ ပျက်စီးတော့မှာဘဲ...ကိုယ်ဖျက်စီးမှာမို့လေ"