Unicode
အလင်းရောင်စူးစူးကြားတွင် မျက်ဝန်းကို ဖွင့်လိုက်ပင်မဲ့ ချက်ချင်းပြန်ပိတ်လိုက်မိသည်။
ဒီတစ်ခါ အနီရောင်မီးမဟုတ်တော့ဘဲ ပုံမှန်အဝါရောင်မီးဖြစ်သွားပြန်ပြီလား။
လေးကန်နေသည့် ခန္ဓာကိုယ်ကို ပက်လက်အနေအထားနှင့် စောင်းအိပ်လိုက်ကာ စောင်ကို ပို၍ခြုံလိုက်ပြီး မျက်ဝန်းကို တစ်ဖြည်းဖြည်း ပြန်ဖွင့်လိုက်သည်။
ထိုအခါ အမဲရောင်လိုက်ကာစကို ဖွင့်ထားလျက် အလင်းရောင်ရှေ့တွင် ရပ်နေသည့် Boxer တစ်ထည့်တည်းဖြင့် အင်္ကျီကျွတ်လျက်ဖြင့် ရပ်ကာဆေးလိပ်သောက်နေသည့် ပုံရိပ်ကျယ်ကို မှုန်ဝါးဝါးတွေ့လိုက်ရပြီး တစ်ဖြည်းဖြည်းနဲ့ မျက်ဝန်းဟာလည်း တည်ငြိမ်လာကာ ကြည်လာသည်။ ထိုအချိန်မှ ရှေ့မှာရှိနေသည့် တစ်စုံတစ်ယောက်ကို သေချာမြင်လိုက်ရသည်။
ကျော ပြင်ကျယ်ကြီး Taehyung ကို ကျောပေးကာဖြင့်ရပ်နေလျက်ရှိနေသည်။ စောင်ကိုဖယ်လိုက်ပြီး ကုတင်ပေါ်ကနေ ထလိုက်တော့ ရှပ်အင်္ကျီအဖြူရောင်ခပ်ဖွဖွတစ်ထည်ကို ဝတ်ပေးထားပြီး အပေါ်ကြယ်သီးနှစ်လုံးမျှ ဖြုတ်ထားလျက် ရှိကာ ဒီတိုင်းအဆင်ပြေသလို ဝတ်ပေးထားသလိုမျိုး ပုံစံနဲ့ ဆင်တူသည်။
အောက်ဘက်တွင် ဘာမှမဝတ်ထားပင်မဲ့ အင်္ကျီတစ်ထည်တည်းကပင် Taehyung ၏ပေါင်လေးအထိ ဖုံးအုပ်နေခြင်းဖြစ်သည်။
အာ...ဒီအင်္ကျီက သူ့အင်္ကျီမှန်း သိပ်ကို သိသာနေသည်ဘဲ။
ခပ်ဖြည်းဖြည်းဖြင့် အကျောဆန့်ကာ သူ့စီကို တစ်လှမ်းစီလျှောက်သွားမိသည်။
"နိုးပြီလား"
Taehyung ကိုလှည့်မကြည့်ပင်မဲ့ ဆေးလိပ်ကိုရှိုက်ကာ ကျောပေးလျက် မေးလာသည်။ ထို့နောက် သူနဲ့အတူ တန်းတူရပ်လျက်ဖြင့်။
"အကြာကြီးအိပ်ပျော်သွားတယ်တဲ့တူတယ်..."
Taehyung က Jeon Henry နဲ့အတူ ရှေ့ကို ကြည့်ကာခပ်တိုးတိုး ရေရွတ်လိုက်သည်။
"2 ရက်ကျော်ပါဘဲ...ကိုယ်သိပ်လွန်သွားတယ်မလား"
နေရောင်ခြည်ခပ်နွေးနွေးဟာ သူတို့နှစ်ယောက်ပေါ်တွင် ကျရောက်နေသည်။ ခါးသေးသေးလေးကို ဆွဲယူလိုက်ကာ ရင်ဘတ်ချင်းကို ထိကပ်စေပြီး ခါးပေါ်ကလက်ကိုလည်း ပို၍တင်းကျပ်လိုက်ပြီး ဖက်ထားမိသည်။