Unicode
"မင်း...မင်းဘာတွေပြောနေတာလဲ Jeon Henry "
"ဒီနေ့ ၁၄ ရက်နေ့လေ...အဲ့အတွက်ပြောတာကို...မင်းက ကိုယ့်ကို စိတ်မကောင်းအောင်လုပ်နေပြီ "
ခါးပေါ်ကလက်ကို ဖယ်ချကာ Jeon Henry ပေါ်မှ ထသွားသည်။ ထိုအခါ မျက်ဝန်းကိုမှေးလျက်ဖြင့် Jeon Henry သည့် အိပ်နေလျက်ဖြစ်နေကာ ရပ်နေသည့် Taehyung ကို နူးနူးညံ့ညံ့ကြည့်သည်။
"မင်းနဲ့ ငါက ချစ်သူတွေမှမဟုတ်တာ...မင်းလည်း ငါ့ကိုချစ်တာမဟုတ်ဘဲ မုန်းနေတာကို"
"အာ...အမ်...ဆက်ပြောပါအုံး...မင်းစကားတွေကို ကိုယ်ဆက်နားထောင်ချင်နေတယ်လေ"
Jeon Henry က ထလာသည်။ ထို့နောက် မျက်ခုံးတစ်ဖက်ကို ပင့်ကာကြည့်တော့ မေးခွန်းထုတ်လာမှန်းတန်းသိသည်။
"ကိုယ့်ကို ဘာလို့လိုက်ရှာနေတာလဲ"
"ငါက...မဟုတ်ပါဘူး...မင်းထင်လို့ပါ...ဒီတိုင်း ငါလည်း Gym ကစားချင်လို့ရောက်လာတာပါ...မင်းအိပ်နေတာတွေ့လို့လေ..."
"ဟုတ်လား...ကိုယ်က ဘာလို့အဲ့လိုမထင်ရတာလဲ...ကိုယ့်စိတ်ထဲမင်းက ကိုယ့်ကို ရှာနေတယ်လို့ ထင်မိတာ...ကိုယ်မှားသွားသလား...ဟင်"
ပြောဖို့စကားကို ရှာမတွေ့တော့သလိုမျိုးဖြင့်။ Jeon Henry ကို ငေးမော့ကြည့်လိုက်တော့ ပြုံးနေတာ။ မျက်ဝန်းကော နှုတ်ခမ်းကပါ ပြုံးရင်း Taehyung ကိုကြည့်နေတာဖြစ်သည်။
သိပ်နေရခက်တာဘဲ။
"မင်းက လိုရာကို ဆွဲတွေးတာဘဲ...မုန်းစရာကောင်းတယ် Jeon Henry"
ရင်ဘတ်ကို တွန်းလိုက်ကာ အခန်းထဲမှာ ထွက်ရန်လှည့်လိုက်တော့ ခါးကနေတစ်ဆင့် ပြန်ဆွဲလိုက်ကာ Taehyung ရဲ့ကျောပြင်လေးဟာ Jeon Henry ရဲ့ ရင်ဘတ်နဲ့ကပ်ငြိလျက် ရင်ခွင်ထဲသို့ ရောက်သွားသည်။
ခါးပေါ်တွင် ရှိနေသည့် Jeon Henry ရဲ့ လက်ဟာလည်း ပို၍တင်းကျပ်စွာဖြင့်။
"ကိုယ်တို့သွားစရာရှိတယ်လေ...မင်းအတွက် အခန်းထဲမှာ အဝတ်အဆင်သင့်ပြင်ခိုင်းထားတယ်"
"ဘယ်ကိုလဲ.."
"ဒီတိုင်း ပွဲတစ်ခုပါ...ဒါပေမဲ့ မင်းနဲ့သွားချင်လို့လေ"