2.လယ်သမားမိသားစုရဲ့အချစ်ခံသမီးလေး

2.3K 222 3
                                    

Ep 2 Warmth

အမျိုးသမီးဝမ် ဟာ သူမရဲ့အဖိုးတန်မြေးမလေးနိုးလာတာကို မြင်တဲ့အခါ ပျော်ရွှင်မှုတွေနဲ့အတူ ကျယ်ကျယ်လောင်စွာငိုချလိုက်တယ် ..

သူမဟာ သေးသွယ်လှတဲ့သူမရဲ့မြေးမလေးကိုပွေ့ဖက်ပြီး.." ငါ့ရဲ့ ချစ်ဆုံးခလေးလေး နောက်ဆုံးတော့နိုးလာပြီ ... ..သမီးသာနိုးမလာဘူးဆို ငါဘယ်လိုအသက်ရှင်ရပါ့မလဲ့..ဝူးးဝူးးဝူးး.."

အဲ့ဒီအချိန်။ အမေ လင်း‌‌ေဟာင်လန် ဟာ ငိုးရင်းလှမ်းလာခဲ့တယ် -"အမေ ချီပေါင်လေးနိုးလာပြီ လေ သူမရဲ့ခန္ဓာကိုယ်က အားနည်းနေတုန်းပဲ ဂရုစိုက်ရမယ် ..သွေးထွက်နေတာ သွေးထွက်နေတာနောက်ဆံုး‌ေတာ့ရပ်သွားပြီပဲ..သွေးတွေ ထပ်ထွက်လို့မရတော့ဘူးးး" လို့ပြောလိုက်တယ် ..မျက်ရည်တွေစီးကျနေရင်းနဲ့ တင်းကျပ်တဲ့ပွေ့ဖက်မှာထဲက ချီပေါင်လေးကို အောက်ချပြီ စောင်ခြုံပေးလိုက်တယ်

"ဟုတ်ပြီ ဟုတ် ပြီ ..ချွေးမကြီးရေ မြန်မြန်လေး နို့ကြက်ဥပေါင်းယူခဲ့..ငါ့ခလေးလေးက တစ်နေ့နဲ့ တစ်ည သတိမေ့နေတာ။ .သူဗိုက်ဆာနေတော့မယ် ...မြန်မြန်လေးယုခဲ့ ဗိုက်ဖြည့်ဖို့တစ်ခုခုကျွေးရမယ်.."

"ဟုတ် အမေ ချီပေါင်းလေးနိုးလာရင် ဗိုက်စာနေမှာပေါ့ ကြက်ဥပေါင်းပူပူလေးယူခဲ့မယ် " ပြောရင်းနဲ့ မီးဖိုချောင်ထဲ အပြေးတစ်ပိုင်းဝင်သွားလိုက်တယ်

ကြည့်စမ်း ငါ့သမီးလေးက နောက်ဆုံးတော့နိုးလာခဲ့ပြိပဲ " ရှုရီဖန်း လျှင်မြန်စွာလှမ်းလာရင်းနဲ့။ "ချီပေါင် သမီးနေလို့အဆင်ပြေရဲ့လား။။အဖေ့ကိုပြောနော်။ဆေးဆရာခေါ်‌လိုက်မယ် ..."

"ချီပေါင်ဟာ သူမမိသားစုက သူမအပေါ်ဂရုစိုက်မှုတွေကိုတွေ့တဲ့အခါ..သူမရဲ့အေးစက်နေတဲ့နှလုံးသား ဘဝရဲ့ နွေးထွေးတဲ့အနွေးဓာတ်လေးကိုခံစားမိသွားတယ်..သူမဟာ သူမရဲ့မူလဘဝကိုတွေးမိသွားတယ် ...အဖေမရှိ အမေမရှိ မိဘမဲ့ အညှာအတာမရှိတဲ့့နံပါတ် ၁ အမျိုးသမီးးသတ်ဖြတ်သူ လို့အမည်ရခဲ့တယ် ..ဘဝမှာ သူမရဲ့ဓားဟားသွေးမစွန်းရတဲ့ရက်ဆိုတာမရှိခဲ့ဖူးဘူး...သူမဟာမိသားစုဆိုတဲ့နွေးထွေးမှုလေးကို နှစ်သက်မိသွားခဲ့တယ်..

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now