30.(1+2)

672 73 0
                                    

30. A Meaningful Lesson

ထိုသို့ အခြေအနေက ဦးလေးရှုနှင့်ရှူချန်းရှန် တို့ ညနေခင်း မြို့မှ ပြန်လာသည့်အချိန်ထိ ဖြစ်နေပေသည်။ကလေးများအုပ်စုကလဲပေါ်တွင်ထိုင်နေကြပြီး ရှောင်းဝု သည် လှည်းမရပ်ခင်မှာပင် လှည်းပေါ်မှ ချက်ချင်း ခုန်ချလိုက်လေသည်။ အဓိကခန်းမသို့ပြေးနေရင်သူကအော်လိုက်သည်။

"အဘိုး ညီမလေးငါပြန်လာပြီ "

အဘိုးကြီးရှုသည် တင်းမာသောမျက်နှာဖြင့် အိမ်ထဲမှထွက်လာပြီး ပြောလိုက်သည်။

"ရှောင်းဝု မင်းအခုကျောင်းတက်နေရပြီ ။ မင်း !ဆင်ဆင်ခြင်ခြင် မနေတတ်သေးဘူးလား။မင်းရဲ့စိတ်သဘောထားတွေ ပြောင်းလဲရမယ်လေ။ "

ရှောင်းဝုက သူ့အဘိုး၏စကားများကိုနားထောင်ပြီးနောက်ကမောက်ကမနဲ့ပြောလိုက်သည်။" အဘိုး! သား ဆရာတွေနဲ့တွေ့တဲ့အချိန်တိုင်း အကယ်ဒမီမှာဆိုရင် ဒီလိုမျိုးမပြုမူပါဘူး ။အဘိုးမသိပါဘူး။ကျွန်‌ေတာ် ဦးညွှတ်ပြီးနှုတ်ဆက်ရလွန်းလို့ ကျွန်တော်ရဲ့ခါးတောင်ပြန်မဖြောင့်နိုင်တော့ဘူး။ကျွန်တော် စိတ်လွတ်ထားခွင့်ပေးပါလား။နည်းနည်းလောက်လေးလေ....."

ရှုဝမ်ဝုသည်သူ၏ညီငယ်လေးများကိုအထဲသို့ခေါ်လာရင်းပြောလိုက်သည်။ " အဖိုးတန်တယ်။ကျေးဇူးပြုပြီးတော့ ရှောင်းဝုကိုမရပ်ခိုင်းပါနဲ့ ။ရှောင်းဝုက ကျောင်းမှာကောင်းကောင်းမွန်မွန်ပြုမူပါတယ်။ဆရာတွေတောင်မှသူ့ရဲ့ ကျင့်ဝတ်သိတတ်မှုအတွက် ချီးကျူးနေကြပါသေးတယ်။ "

ရှောင်းဝုသည် ရှက်ကိုးရှက်ကန်းဖြင့် သူ၏ခေါင်းကိုကုတ်ကာ‌ေပြာလိုက်သည်။ "အစ်ကိုကြီး ဆရာကအကိုကြီးကိုရော မချီးမွမ်းလို့လား။ဆရာက အစ်ကို့ကြီးကို ဝီရိယရှိရှိနဲ့ စာလေ့လာလို့ ချီးမွမ်းပြီးတော့မေးခွန်းတွေလည်းမေးတယ်လေ။မင်းတစ်ခုခုနားမလည်တာရှိရင် သူ့ကိုမေးလို့ရတယ်တဲ့။အတန်းထဲမှာ ဘာမှ နားမလည်တဲ့ တခြားကျောင်းသားတွေနဲ့ မတူဘူး။ သူတို့တွေက ဆရာ ကဲ့ရဲ့မှာကြောက်လို့ အတန်းပြီးရင် ဆရာကို မေးရမှာ ရှက်လွန်းကြတယ်။လူမိုက်‌ေတွ၊ လူတော်တော်များများက နားလည်ချင်ယောင်ဆောင်နေကြတယ်။အစ်ကိုကြီးကပဲဒီလိုမျိုးလုပ်တာ။ (စာမေးတာ )ဒါကြောင့်ဆရာကအရမ်းပျော်နေတယ်။"

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now