ချိ 8. Harvest
ချိပေါင်ပြန်ထွက်လာတဲ့ အချိန် သူမရဲ့ မျက်လုံးထောင့်လေးကနေ အနီရောင်အလင်းပြန်မှုလေးကို သတိပြုမိလိုက်တယ်။ ချီပေါင်ရဲ့မျက်လုံးတွေက အရောင်တောက်ပလာခဲ့တယ်။ သူမတွေ့လိုက်ရတာက သုံးမီတာကနေ ငါးမီတာလောက်မြင့်တဲ့အပင်တစ်ပင် ထိုအပင်မှာ ဆူးချွန်လေးတွေပါတဲ့ ပြားပြီးသေးသွယ်တဲ့ အရွက်လေးတွေရှိတယ် ။ သူတို့ရဲ့အရောင်လေးတွေက စိမ်းပြာရောင်တောက်နေခဲ့တယ်။ သစ်ကိုင်းတွေကခွဲဖျာပြီး အနီရောင် အလင်းထိုးထားသလိုသစ်သီးလေးတွေနဲ့ အရမ်းကို လှပနေခဲ့တယ် ။။
ချီပေါင်ဟာ လျင်မြန်စွာလှမ်းသွားလိုက်ပြီး ဂရုတစိုက်နဲ့ ရှာဖွေလိုက်တယ် " ဟုတ်တယ်! တကယ်ကြီး ဂျင်ဆင်း ပဲ " အဲ့ဒီ့အချိန်မှာပဲ ရှောင်လင်းရဲ့ နူးညံ့ပျော့ပြောင်းတဲ့ အသံလေးက သူမရဲ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့တယ် " ဆရာသခင် ဒါက နှစ်နှစ်ရာသက်တမ်းရှိတဲ့ဂျင်ဆင်းပဲ ။ သူကအရမ်းဆေးဘက်ဝင်တယ်။ ဒီအပင်ကို နေရာလွတ်မှာစိုက်ထားလို့ရတယ် "
ဒါကိုကြားတော့ချီပေါင်ဟာ စဉ်းစားပြီးး ပြောလိုက်တယ် " ရှောင်လင်း ငါဒီဂျင်ဆင်းကို နေရာလွတ်ထဲမှာ မစိုက်ချင်ဘူး။ ဆေးဆိုင်မှာ Ikoရောင်းချင်တယ် ။ ငါ့မိသားစုအခြေအနေကို သိတယ်မလား ။ သူတို့ကအရမ်းဆင်းရဲလွန်းတယ်။ နင် ငါ့ကို ဆန်ညိုတွေ နေ့တိုင်းစားပြီးး လည်ချောင်းယားတာတွေ အဆင်မပြေဖြစ်တာ မဖြစ်ေစချင်ဘူးမဟုတ်လာား" ငါနောက်တစ်ခေါက်တောာင်ပေါ်ပြန်လာလို့ ဂျင်ဆင်းထပ်တွေ့ခဲ့ရင် အဲ့တာကို နေရာလွတ်ထဲမှာ စိုက်မယ် ။ ပြီးတော့ နေရာလွတ်ထဲက ကျောက်စိမ်းနဲ့ကျောက်မျက်တွေကို အပြင်ကို ထုတ်ယူဖို့အတွက် တရားဝင်ခွင့်ပြုလား ။ ငါလုပ်လို့ရလား"
ဒါကိုရှောင်လင်းကြားတော့ နှာခေါင်းရှုံပြီး " ကောင်းပြီ, ရှောင်လင်း ရောလွတ်ကို အဆင့်မြှင့်ဖို့ လိုအပ်တယ် ။ မာစတာ ( ဆရာသခင် ) မေ့လို့မရဘူးနော် "
( မာစတာ = ဆရာသခင် = သခင် )
ချီပေါင် " ကောင်းပြီ ၊ ငါနားလည်ပါတယ် "
"သခင် ! သင့်ရဲ့ ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်ပြီ ဆိုရင် ( အားနည်းမနေတော့ရင် ) သခင်ရဲ့ ခန္ဓာကိုယ်ကို လယ်ယာစိုက်ပျိုးရေးနည်းပညာတွေသင်ယူဖို့ အဆင်ပြေတဲ့ ခန္ဓာကိုယ် ဖြစ်အောင် ကျွန်တော် လုပ်ပေးမယ် ။လက်တွေ့ မသင်ယူခင် မစိုက်ပျိုးခင် သခင့်ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်း သေချာ လုပ်ပေးရမယ် "
YOU ARE READING
#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)
Fantasyသွေးအေးရက်စက်တယ်လို့နမည်ပေးခံရတဲ့ 21ရာစုမှ မိဘမဲ့ မိန်းမပျိုလေး လယ်သမားမိသားစုရဲ့ အချစ်ခံ နမည်တူတဲ့ ကောင်မလေးရဲ့ခန္ဓာကိုယ်ထဲ အချိန်ခရီးသွားပြီးနောကိ.. မိသားစုရဲ့ နွေးထွေးမှုတွေ ချစ်ခင်မှုတွေကြောင့် သွေးအေးရက်စက်တယ်လို့ သတ်မှတ်ခြင်းခံ...