25

1.1K 123 5
                                    

25. Buy Cattle
ဦးလေးရှုသည် ချီပေါင်ပြောသည်ကို ကြားလိုက်ရသောအခါ အဓိပ္ပာယ် ရှိသည်ဟု ခံစားလိုက်ရသည်။ တစ်ကြိမ် နှစ်ကြိမ် ငှားခြင်းက အဆင်ပြေသည်။ သို့သော် ဘယ်လောက်ရင်းနှီးသော မိသားစု ဖြစ်ပါစေ အကြိမ်ရေများလာသောအခါ ပြောစရာဖြစ်လာပေမည်။သူက ချက်ချင်းဆုံးဖြတ်လိုက်သည်။" ဟုတ်ပြီ ချီပေါင်ပြောတာကို နားထောင်ရအောင်။ ပထမဆုံးမြင်းဈေးကို သွားကြည့်ကြစို့ ။ "

ကလေးများအားလုံးသည် သူတို့မိသားစုက နွားလှည်းဝယ်မည်ကို ကြားသောအခါပျော်ရွှင်သွားကြလေသည်။ ထို့နောက် သူတို့၏ ၊အဖေ၊ ဦးလေးများနောက်မှ လိုက်ကာ မြင်းဈေးသို့ သွားကြလေသည်။

သူတို့သည် မကြာမီမှာပင် မြင်း‌ေစျးဝင်ပေါက်သို့ရောက်လာခဲ့ကြသည်။သူတို့အားလုံးသည် နွားနှင့် မြင်းများ အဆုံးမရှိ ရောင်းချနေသော ဈေးကြီးကို မြင်လိုက်ကြရသည်။အားလုံးက အဆုတ်ထဲမှ( အဆုတ်ကွဲမတတ် )အော်ဟစ်နေကြတယ်။ဦးလေးရှုသည် လျည့်လည် ကြည့်ရှုပြီးနောက်ဆုံးတွင် ရောင်းသူတစ်ယောက်၏ရှေ့၌ရပ်လိုက်လေသည်။ ဈေးရောင်းသူက သူ၏ဆိုင်းတန်းတွင် ဝယ်သူအချို့ ကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

" အစ်ကိုတို့ မြင်းတစ်ကောင်လောက် ဝယ်ချင်လို့လား ။ နွား ဒါမှမဟုတ် မြင်းလိုချင်လို့လား။ ကျွန်တော်တို့ဆီက မြင်းတေါ ၊ နွားတွေကို ကြည့်လိုက်ပါ။ အားလုံးက ကြံ့ခိုင်သန်မာကြပါတယ်။ အကိုတို့  ဘယ်တစ်ကောင်ကို လိုချင်လဲ။ "

ရှုတပေါင်က တဲအတွင်းရှိနွားများကို ကြည့်လိုက်ပြီးနောက် အမဲရောင်  နွားထီးတစ်ကောင်ကို ညွှန်ပြကာ မေးလိုက်သည်။
" ဟိုနွားထီးကို ‌ဘယ်လောက်နဲ့ရောင်းတာလဲ "

ဈေးရောင်းသူက ချက်ချင်းကိုပြန်ဖြေလိုက်သည်။ " အိုက်ရိုး ! အကို့မှာ အရမ်းကောင်းတဲ့ မျက်လုံးတွေရှိတာပဲ။ ဒီနွားထီးက ကျွန်တော့တို့ ဆီမှာ ရှိတဲ့ အကောင်းဆုံး နွားထီးပဲ။ သူရဲ့ ကြီးမားတဲ့ ခွာတွေကို ကြည့်လိုက် ။ ဒါက ကောင်းမွန်တဲ့ ယာလုပ်သားပဲ။ ဈေးက သိပ်မများပါဘူး ။ ငွေ ဆယ့် နှစ်တေးလ် ပဲ ကျတယ် "

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now