19. Upgrade(2)
Moon LayMarch 21, 2024
19. Upgradeချီပေါင်ကမေးလိုက်သည်။ " ရှောင်လင်း အခုဘာဖြစ်သွားတာလဲ ။ ဘာကြောင့် ငါအခုဒီကုန်းမြေက ပိုကြီးလာတယ်လို့ခံစားနေရတာလဲ။ပြီးတော့ ဒီတောင်ကုန်းက လည်းပိုကြီးလာသလိုပဲနော် "
ရှောင်လင်းကပျော်ရွှင်စွာနှင့်ပြန်ပြောလိုက်သည်။ " သခင် အခုက ဘာဖြစ်လို့လဲဆိုတော့ သခင်က တောင်ပေါ်မှာ သစ်သီးပင်တွေစိုက်လိုက်လို့ပါ။ဝိဉာဉ်ကုန်းမြေက အပင်မျိုးစိတ်အသစ်တွေကို ခံစားမိလိုက်တာကြောင့် နေရာလွတ်ကို အဆင့်မြှင့်ဖို့အတွက်အစပြုလိုက်တာပါ။ သခင် ကြည့်ပါ ဦး ။ ရှောင်လင်း ဘာတွေပြောင်းလဲသွားတာ မြင်လဲ!!"
ထို့နောက်မှာတော့ ချီပေါင်သည် ရှောင်လင်းကို ဂရုတစိုက်နှင့် ရှာဖွေကြည့်လိုက်သည်။ရှောင်လင်းသည် ယခင်ကထက် နည်းနည်းပိုကြီးလာပုံ ရသည်။ သူ့ခန္ဓာကိုယ်ပေါ်က အမွေးတွေက အရင်ကထက် ပိုဖြူပြီး ပိုနူးညံ့လာသည်။သူ့မျက်လုံးများ၏ သားငယ်အိမ်များသည် အပြာနုရောင်သန်းသွားပြီး ပို၍ကြည့်ကောင်းပုံပေါ်လာသည်။ဒါက လူတွေကို မကူညီနိုင်ပေမဲ့ လူများကို ပွေ့ဖက်ပြီးပွတ်သပ်ချင်လာ စေသည်။
ထို့နောက်မှာတော့ ရှောင်လင်းကပြောလိုက်သည်။ " သခင် ဒါက ပိုပြီတော့ အံ့အားသင့်စရာကောင်းတယ်။ယခုကနေစပြီး အပင်စိုက်ဖို့အတွက် သခင် ကိုယ်တိုင် ဘာမှလုပ်စရာမ လိုတော့ဘူး ။ကိုယ်လုပ်ချင်တာ ကို ေတွးလိုက်ရုံ ပဲ ။ထိုအခါ သစ်စေ့ တွေက သူတို့ကိုယ်တိုင်မြေကြီးထဲမှာ စိုက်ပျိုးလိုက်မယ်။ ထိုအရာက နေရာလွတ်၏ စီးဆင်းမှုကို လည်း ညှိနိုင်တယ်။ "
ချီပေါင်သည် ဒါကို ကြားတော့ အလွန်ပျော်ရွှင်သွားခဲ့သည် ။ " ဒါက အရမ်းကောင်းတာပဲ။ ရှောင်လင်း
နေရာလွတ် စီးဆင်းမှုနှုန်းက ဘာကိုပြောတာလဲ ? " ဟုပြောလိုက်သည်။
ရှောင်လင်းကပြောလိုက်သည်။ " သခင် သင်က နေရာလွတ် ထဲက အချိန်နှင့် အပြင်ဘက်ကမ္ဘာက အချိန်ကို တစ်ရက်ကနေ သုံးဆယ်ရက်အထိ နှိုင်းယှဉ် ညှိ လို့ရတယ်။ဆိုလိုတာက အပြင်ဘက်မှာ တစ်ရက်ဆိုရင် နေရာလွတ်မှာ ကတစ်လ "
YOU ARE READING
#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)
Fantasyသွေးအေးရက်စက်တယ်လို့နမည်ပေးခံရတဲ့ 21ရာစုမှ မိဘမဲ့ မိန်းမပျိုလေး လယ်သမားမိသားစုရဲ့ အချစ်ခံ နမည်တူတဲ့ ကောင်မလေးရဲ့ခန္ဓာကိုယ်ထဲ အချိန်ခရီးသွားပြီးနောကိ.. မိသားစုရဲ့ နွေးထွေးမှုတွေ ချစ်ခင်မှုတွေကြောင့် သွေးအေးရက်စက်တယ်လို့ သတ်မှတ်ခြင်းခံ...