28.1

945 113 15
                                    

28. Recognition

အမျိုးသမီးလီက  မိသားစု၏ အပြန်အလှန်ဆက်သွယ်မှုများကိုကြည့်ပြီး သူမ၏ စိတ်နှလံုးသားထဲကနေကို နွေးထွေးသွားခဲ့ရသည်။ ထို့နောက်သူမကပြံုးကာ ပြောလိုက်သည်။  " တတိယ ယောက်မ  ရှင်က အခုလူကြီးဖြစ်နေပြီကို  ကလေးလေးလို့ မနာလိုဖြစ်နေတယ်ပေါ့လေ။ ဒါကို အပြင်ကလူတွေကြားသွားပြီး ရယ်မှာမကြောက်ဘူးပေါ့ "

လင်း ကပြန်ပြောလိုက်သည်။ "  ဒုတိယ ယောက်မ ဒီခြ့ဝန်းထဲမှာ တိုမိသားစုတွေပဲ ရှိတာလေ ။ ဘယ်က အပြင်လူတွေ ကျွန်မကို ရယ်ရမှာလဲ။ အမ ကျွန်မကို မရယ်သရွေ့ကောင်းနေပါပြီနော် "  ခြံဝန်းထဲရှိ လူများက ရယ်လိုက်ကြသည်။

ချီပေါင်က ပြောလိုက်သည်။ " အမေ အနာဂါတ်မှာ အဖေလဲ စာရေးစာဖတ်သင်ရမယ်။ အမေလဲ စာရေးစာဖတ်သင်ရမယ်။ အိမ်မှာရှိတဲ့ လူတိုင်းစာရေးစာဖတ်သင်ရမယ်။ အနာဂါတ်အချိန်မှာ သမီးတို့မိသားစုက ပိုကောင်းသထက် ကောင်းလာမှာ ။အနာဂါတ်မှာ ပဲ အကိုကြီးက ပညာသင်ဆု ရပြီး အစိုးရ အရာရှိဖြစ်လာလိမ့်မယ်။   အခားသူတွေက သမီးတို့ကို စာမရေးမဖတ်နိုင်လို့ရယ်ကြမယ်။ သူများတွေကလည်း စာမတတ်သူရယ်လို့ လှောင်ရယ်ကြမယ်။ အကိုကြီးလည် မျက်နှာပျက်ရပြီး ဂုဏ်သိက္ခာ ညှိုးနွမ်းရလိမ့်မယ် မဟုတ်ဘူးလား "

ထိုအချိန်မှာပဲ လူအိုကြီးက အပြင်ဘက်ကနေပြန်လာခဲ့သည်။ ချီပေါင်၏ပြောစကားများကို ကြားသွားပြိီး နောက် ပြော လိုက်သည်။ " ချီပေါင်မှန်တယ် ။ အနာဂါတ်မှာ  ဘာကိစ္စ မှ မဖြစ်ခဲ့ရင် ကလေးတွေက ကျိန်းသေ စာမေးပွဲအောင်ကြလိမ့်မယ်။  စာပေလေ့လာခြင်းက လူတိုင်းအတွက်ကောင်းတယ်။ အခြားမိသားစုတွေက စာပေလေ့လာချင်ရင်တောင်မှ အခွင့်အရေးမရကြဘူး "

အဘိုးကြီး၏စကားကိုကြားပြီးနောက် လူတိုင်းကလက်ခံလိုက်ကြသည်။ စာလေ့လာခြင်းကလည်းမဆိုးပါဘူး ။ လူတိုင်း၏ ‌ဗဟုသုတလည်းတိုးတက်လာနိုင်‌ေပမည်။ ဒါဆို ဘာကြောင့်များ မလုပ်နိုင်ရမလဲ။ "

ခဏလေးကြာပြီးနောက် ရှုလောင်အာ သည် သူ၏လက်ထဲတွင်  လက်ဘက်ရည် အိုးကြီး နှင့်အတူ  မီးဖိုချောင်ထဲမှ ထွက်လာလေသည်။ ဆောက်လုပ်ရေးဆိုဒ်ထဲမှ အလုပ်သမားများအတွက် ရေအချို့ပို့ပေးရန် အဆင်သင့်ဖြစ်နေလေသည်။ ထိုသည်ကိုကြည့်၍ ရှုလောင်ဆန်းသည် သူ၏ ဒုတိယအကို ရေပို့ သည့်‌ေနာက် လိုက်သွားလေသည်။ကလေးနှစ်ယောက်ကလည်း နောက်က လိုက်သွားလေသည်။

သူတို့အားလုံးဆောက်လုပ်ရေးဆိုဒ် ထဲသို့ရောက်လာကြပြိီး ရှုလောင်အာ က အော်လိုက်သည်။ " လူတိုင်း မြေကြိီးတူရတာက ရုပ်ပိုင်းဆိုင်ရာအလုပ်ပဲ။ ဆိုတော့ အကိုတို့ပင်ပန်းနေကြလောက်ပြီ။ကျွန်တော် လက်ဘက်ရည်အိုးယူလာခဲ့တယ်။ အားလုံး အလုပ်မလုပ်ခင် ရေလာသောက်ကြပါဦး။"

အလုပ်သမားများသည် တစ်ဦးပြီးတစ်ဦး သူတို့ကို ကျေးဇူးတင်လိုက်ကြသည်။ ထို့နောက် သူတို့၏ ပစ္စည်းကိရိယာများကို ချကာ ရေသောက်ရန်ရောက်လာကြသည်။ ချီပေါင်နှင့်ရှောင်းလု လည်း ကူညီပေးရန် ရောက်လာသည်။ဒီ ငတိလေးနှစ်ယောက်က အလုပ်သမားများဆီ လက်ဘက်ရည်ကို တစ်ဦးပြီးတစ်ဦး လိုက်ပို့ပေးကြသည်။သည်ကိစ္စကို ကြည့်ပြီး အကိုနှင့်ညီမလေး နှစ်ယောက်လုံး၏ စမတ်ကျမှုကြောင့် လူတိုင်းက ချီးမွမ်းကြပြီး သူတို့ကို ချစ်ခင်လာအောင် ပြုလုပ်မိစေသည်။ဘဝနှစ်ခု ရှင်သန်လာခဲ့သော ချီပေါင်တောင်မှ သူတို့၏ ချီမွမ်းမှုများကြောင့် နီရဲသွားခဲ့ရသည်။

ထိုအချိန်မှာပဲ ရွာသားတစ်ယောက်၏ စူးရှသော မျက်လုံးများက  ရှုတပေါင်က ရွာအဝင်ဘက်ကနေ ဦးတည်ကာ နွားလှည်းမောင်းနှင်လာသည်ကိုတွေ့လိုက်လေသည်။သူကပြောလိုက်သည်။ " ဒုတိယ နဲ့ တတိယ  မင်းတို့အကိုကြီး ပြန်လာပြီ " ညီအကိုနှစ်ယောက်က လှည်ဘကြည့်လိုက်သည်။ သေချာတာပေါ့။ သူတို့အကိုကြီးပြန်လာပြီ။

ဦးလေးရှုက နွားလှည်းကို ဦးဆောင်မောင်းနှင်လာပြီး လူတိုင်းကိုနှုတ်ဆက်လိုက်သည်။ လူတိုင်းက ဦးလေရှု၏ လှည်းပေါ်တွင် ဝက်သားတစ်ပိုင်းတင်ထားသည်ကိုမြင်လိုက်ကြသည်။ သူတို့အားအံ့ဩသွားသည်ကိုဘဦးလေးရှုမြင်သောအခါ သူကရှင်းပြလိုက်သည်။ " မင်းတို့ကောင်တွေ ငါ့တို့အိမ်တစ်လုံးဆောက်တာကို လာပြီး ကူညီပေးကြတယ်။ငါတို့မိသားစုက အရမ်းပျော်တယ်။ ပြီးတော့ဒါက ရုပ်ပိုင်းဆိုင်ရာပင်ပန်းတဲ့အလုပ် မဟုတ်ဘူးလား။ အဖေက အသားဝယ်ခဲ့ဖို့ငါ့ကို အထူးကိုပြောတယ်။လူတိုင်း၏ စွမ်းအင်တွေ အင်အားတွေပြန်ဖြည့်ကြရမယ်။ အဆီနဲ့ ရေ လုံလောက်မှသာ လူတိုင်းက အားအင်အပြည့်နဲ့ အလုပ်လုပ်နိုင်မှာ မဟုတ်လား "

( ဖေဖေဆေးရုံတက်ရတာရယ်။ ဖေ့ဖေ့နာရေးရယ်ကြောင့်  up ကြာသွားပါတယ်နော်။ နောက်ပိုင်း up မှန်ပါတော့မယ်ရှင့်။  )

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now