35.2

237 41 0
                                    

35.  Purchasing (2)

အဘိုးကြီးရှု :  "  ကျနော်တို့ကိုပထမဆုံးကြည့်ဖို့အတွက်ခေါ်သွားပေးပါ။သွားနေစဉ်လိုချင်တာတွေ့တဲ့အခါကျွန်တော်တို့ဝယ်ပါ့မယ်။ "

ဒါကိုကြားသောအခါ အလုပ်သမားလေးသည် ပျော်ရွှင်စွာဖြင့် သူတို့ကိုမေးမြန်းရင်း လမ်းတစ်လျောက် ဦးဆောင်ခေါ်သွားသည်။ "  အစ်ကိုတို့လို ဝယ်ချင်တာက စားပွဲလား , ကုလားထိုင်လား , ဒါမှမဟုတ်အခြားဟာတွေလား။ "

အဘိုးကြီးရှု  က ပြန်ဖြေလိုက်သည်။ " ပထမဦးဆုံးအိပ်ရာ (ကုတင် ) ကိုသွားကြည့်ရအောင် "


အလုပ်သမားလည်းသည်အဘိုးကြီးရှု ထိုသို့ပြောသည်ရသောအခါသူကပို၍နူးညံ့‌ေပျာ့ပြောင်းသွားသည်။ သူတို့က ကုတင်တစ်ခုသာလျှင်ဝယ်မည်မဟုတ်လောက်ပေ။ ထို့ကြောင့်သူကပို၍စိတ်အားထက်သန်စွာဖြင့် " ကောင်းပြီး , ကျေးဇူးပြုပြီးကျွန်တော်နောက်ကနေလိုက်ခဲ့ပါ။ "


သူတို့ကဧည့်ခန်းကို ဖြတ်ကာအလုပ်သမားလေးနောက်မှ ကုတင်များသီးသန့်ထားသောနေရာသို့ လိုက်သွားကြသည်။  ထိုနေရာ၌ စတိုင် အမျိုးမျိုးရှိလေသည် ။ ချီပေါင်က မဟော်ဂနီ ကုတင်ကို စိတ်ကူးထားသည်။ ထိုကတင်းရဲ့ပုံစံကအလွန်ရှေ့ကျပြီးတော့ ယခုအိမ်အသစ်နဲ့အရမ်းလိုက်ဖက်ညီပေးသည်။ တို့သော်လည်းပဲထိုအရာကအနည်းငယ်သေးနေလေသည်။ ချီးပေါင်ကနှစ်မီတာလောက်ကျယ်သောတစ်ခုကို မှာချင်လေသည်။ ထိုအပေါ် ၌ အိပ်သောခါ လှည့်ပတ် လှိမ့် ကာ အိပ်နိုင်လေသည်။ 


မိသားစုအတွင်းရှိအမျိုးသမီးများကအခြားပုံစံများကိုသဘောကျနေသည်။ အမျိုးသမီးဝမ်နှင့်  အမျိုးသမီးလီက ‌သစ်သားချဉ်ဖြင့် ပြုလုပ်ထားသော လော်ဟန်ကုတင် ကိုကြည့်နေကြသည်။ အမျိုးသမီးကျန့်နှင့်  အမျိုးသမီး လင်းက ယုဇန သစ်သားဖြင့်လုပ်ထားသော ဘောင်ပါသည့် ကုတင်ကို ကြည့်နေကြသည်။ ချီးပေါင်ကလည်းပဲ သူမ၏ အစ်ကို ခြောက်ယောက်အတွက် သူမနဲ့အရောင်တူသော ‌ေ‌ဘာင်ပါသည့် ကုတင်များ ရွေးချယ်ရန် စီစဉ်ထားလိုက်သည်။

အဘိုးကြီးရှု ကမေးလိုက်သည် " မိတ်ဆွေ , ငါတို့ရွေးချယ်ထားတဲ့ ဒီစတိုင်တွေကို အရွယ်အစားစိတ်ကြိုက်လုပ်လို့ရတယ်လို့ မင်းထင်လား။ "

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now