38.1

189 39 1
                                    

38. Visit (1)

ချီပေါင်ကညထပ်ပေါင်းပြောလိုက်သည် ။ " အဘွား, ချီပေါင်က အခုလည်း ပိုက်ဆံရှာနိုင်ပါတယ်။ အိမ်မှာရှိတဲ့ ပိုက်ဆံတွေက  ချီပေါင့် စိတ်ကူးချည်းပဲ။ "

ဒါကိုကြားလိုက်လိုက်ရသောအခါ အမျိုးသမီးဆန်းက တစ်ဦးချင်းစီကိုကြည့်လိုက်ကာ  "  ဟောင်လိန်, ချီပေါင်ပြောနေတာတွေက အမှန်တွေပဲလား ? "

အမျိုးသမီးလင်း  " ဒါကအမှန်ပါ။ ချီပေါင်ကညတချင်းတောင်ပေါ်ကနေ ဂျင်ဆင်းကိုတူးလာခဲ့တာ။ ထိုတူးလာတဲ့အရာကို ငွေအဖြစ်ပြောင်းလိုက်တာ။ ဒါကြောင် ဒီငွေတွေနဲ့ မိသားစုက အိမ်ဆောက်လိုက်နိုင်တာ။ ဒီထက်ပိုတာက , ဇုရှန်းလော်နဲ့  ဟင်းသီဟင်းရွက်တွေအတွက်  ပူးပေါင်းဆောင်ရွက်မှုက  ချီပေါင့်ကိုပဲ ကျေးဇူးတင်ရမှာ။ ချီပေါင်က ထူးခြားဆန်းကြယ်တဲ့ ဆရာသခင်တစ်ယောက်ကို ယုံကြည်ခဲ့ပြိး ထိုဆရာက  ချီပေါင့်ကို ကိုယ်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ပညာတွေ လည်းသင်ပေးခဲ့တယ်။ "

အမျိုးသမီးဆန်းက သက်ပြင်းချလိုက်ကာ
    " ငါသိပြီ။  ငါ အစက ရှုမိသားစုက ရုတ်တရက် ဘယ်လိုသာယာဝပြောလာလဲဆိုတာကိုသိချင်နေတာ။ အခုတော့ ဒီအလှည့်အပြောင်းက ဒီကောင်မလေးကြောင့်ပဲ။ " 

ထိုသို့ပြောပြီးနောက် သူမက ချီပေါင့်အား ကောက်ချီလိုက်ကာ စူးစူးစိုက်စိုက်ကြည့်ပြီး
  " ငါ့တို့ ချီပေါင်လေးက ကံကောင်းတဲ့ ကလေးလေးပဲ။ ငါတို့ချီပေါင်လေး ရှိနေတာကြောင့်  ရှုမိသားစုက တစ်နေ့တခြားပိုပိုပြီး ကောင်းသထက် ကောင်းလာပြီ။ "

ချီပေါင်က အမျိုးသမီးဆန်း၏ ရင်ခွင်ထဲ တွင်ထိုင်လိုက်ကာ " အဘွား ,ဒါကြောင့်  အမေပေးတဲ့  ငွေနှစ်တေးလ် ကို ယူလိုက်ပါ။ ဒါက အမေနဲ့ သမီ၏ ရည်ရွယ်ချက်တင် မဟုတ်ပါဘူး။ သမီုရဲ့အဘွားနဲ့ အခြားသူတွေရဲ့ဘရည်ရွယ်ချက်ပါပဲ။ မူလကတည်းက သမီးရဲ့ အဘွားက မေမေကို့ဒီပိုက်ဆံတွေပေးခဲ့တာက  မေမေက အရသာရှိတဲ့ အစားအသောက်တွေဝယ်ပြီး  ဖိုးဖိုးနဲ့ ဖွားဖွား အတွက်ပြန်ယူသွား ခိုင်းတာပါ။ ဟုတ်ပြီ, ဒါကြောင့် အရမ်းကြီးတွေးမနေပါနဲ့။ ဒါကိုယူလိုက်ပါ။ "  ထိုသို့ပြောပြီးနောက် သူမက အမျိုးသမီးလင်း ၏ လက်ထဲမှငွေ နှစ်တေးကို ယူကာ အမျိုးသီးဆန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။


You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now