12

1.4K 181 8
                                    

12. Going to town(1)

ကောင်ကလေးတွေက သူတို့အဘွားပြောတာကြားတော့ ပျော် ရွှင်စွာ ဩဘာပေးရင်း ခန်ပေါက်နေကြသည်။" ဟား ဟားဟား ။ အသားစားရတော့ မယ် " လူကြီးတွေက ကလေးတွေကို ဒီလိုမင်လိုက်ရတော့ သူတို့အတွက် ဝမ်းနည်း အားနားပြီး စိတ်မကောင်းဖြစ်နေကြသည်။ကောင်လေးတွေက ပိန်ပိန်ပါးပါးလေး ဖြစ်နေတာကိုကြည့်နေရတာဟာ မိခင်တွေ အတွက်တော့ အခက်ခဲဆုံးအချိန်ပါပဲ။ ဒီလိုတွေဖြစ်နေရတာက ဆင်းရဲမှုကြောင့်ပဲလေ။ 

" ယနေ့ည မှာ အဘွားက ကလေးတွေ၏ အသားစားချင်စိတ်ပြင်းပြမှု ကို ကျေနပ်စေဖို့အတွက် ရစ်ငှက်စတူး ချက်‌ေပးမည်။ " သူတို့အဘွားပြောတာ‌ ကြားတော့ ကလေးတွေက ပိုပြီးစိတ်လှုပ်ရှားသွားကြသည်။လူကြီးတွေလည်းပဲ ပျော်ရွှင်မှုများနှင့်ပြုံးနေကြသည်။သူတို့တွေက အသားစားချင်သော်လည်း ကလေးများကဲ့သို အသားစားရန် စွဲစွဲလမ်းလမ်းတော့ ဖြစ်မနေခဲ့ပါဘူး ။ 

ရှောင်လုတောင် အံအားသင့်စွာ " ဒီနေ့ ရော မနက်ဖြန်ပါ အသားစားရတော့ မယ်။ ဒါကနှစ်သစ်ကူး အစားအစာ တွေထက်တောင်ကောင်းတာပဲ " အော်ပြောလျက် ခြံတစ်ပတ် ပြေးနေလေသည်။

အမျိုးသမီးများ မီးဖိုချောင်ထဲမှာ  ရေနွေးအိုးတည်  ကြက်မွှေးနှုတ် အစရှိသဖြင့် စတင်အလုပ်ရှုပ်နေကြသည်။ ခြံဝင်းတစ်ခုလုံး အပြုံးများ ရယ်မောသံများနှင့် ပြည့်နှက်နေလေသည်။ 

ချီပေါင်လည်းပျော်ရွှင်စွာပြုံးနေသည်။ ဒီမိသားစုလေးက အရမ်းကောင်းတာပဲ။ လူကြီးတွေက အလှုပ်နေကြပြီး တစ်ယောက်မှ အာရုံစိုက်မနေကြတော့ပါ။ ချီပေါင်က အိပ်ခန်းဆီ လျောက်လာပြီး တံခါးကိုပိတ် လိုက်သည်။ ပြီးနောက် နေရာလွတ်ထဲကို ဝင်ခဲ့လိုက်သည်။ 


" အသက်ရှုသွင်း လိုက် ရုံဖြင့် သူမ၏ခန္ဓကိုယ်က နေရာလွတ်က  ဝိဉာဉ်စွမ်းအင် များနှင့် အပြည့်ဖြစ်သွားသည်! "‌သူ့၏သခင် နေရာလွတ်ထဲဝင်လာတာကို ရှောင်လင်းမြင်သောအခါ  သူမ ရှေ့ချက်ခြင်းပြေးလာခဲ့သည်။"သခင် နောက်ဆုံးတော့ ကျွန့်ကိုတွေ့ဖို ရောက်လာပြီ"  သေးငယ်တဲ့ဝိဉာဉ်သားရဲလေး က ချီပေါင့် ရဲ့ ဘေးပတ်လည်မှာ စိတ်လှုပ်ရှားစွာနှင့် ခုန်ပေါက်နေလေသည်။ 

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now