34.2

599 69 2
                                    

34  Discussion   (2)

အမျိုးသမီးဝမ် :   " လူအိုကြီး , ကျွန်မ ရှင်ပြောတာ နားထောင်မယ်။ အနာဂတ်မှာ  မိသားစုက ဘာပဲဆုံးဖြတ် ဆုံးဖြတ် ကိစ္စမရှိဘူး။ ကျွန်မ ရှင်တို့ကို နောက်ပြန်မဆွဲချပါဘူး။ " သူတို့၏ ယောက္ခမ ပြောသည်ကို ကြားပြီးနောက်  ချွေးမသုံးယောက်သည် အံကြိတ်ကာ လက်ခံလိုက်ကြသည်။ သူတို့ကလေးများ၏ ရှေ့ရေးအတွက်  သူတို့ တိုက်ခိုက်ရပေလိမ့်မည် ။

ထိုအချိန်မှာပဲ  စားပွဲထိုးက လက်ဘက်ရည် တစ်အိုး၊ သွားရည်စာပန်းကန်များနှင့်အတူ ဝင်လာတာကြောင့်ဘရှုတပေါင်က  ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက် ရှုမိသားစုဝင်များအားပြောလိုက်သည်။  " အဖေ , အမေ  ဒါနဲ့ပတ်သတ် ပြီး တွေးမနေပါနဲ့တော့။  ဇုရှန်းလော်က  သွားရည်စာမုန့်တွေ စားကြည့်ပါဦး။ ကျွန်တော် ဒီ မတိုင်ခင် လာပို့ တုန်းက မုန့်နှစ်ခေါက်စားခဲ့ပြီးပြီ။ ဒီကရှိတဲ့ တစ်ခုက အပြင်က ဝယ်စားရတာတွေ ထက် အရသာပိုရှိတယ်။ ကျွန်တော် ခန့်မှန်းရရင်  ဆိုင်ရှင်ထုံက သူတို့ကို ဒီကို ပို့ခိုင်းလိုက်တာဖြစ်မယ်။ "

မိသားစုဝင်များသည် သွားရည်စာအချို့စားပြီးနောက်  လက်ဖက်ရည်များကိုသောက်လိုက်ကြသည်။ဗူးအတွင်းရှိ လက်ဖက်ရည်များကို ‌ေသာလိုက်ကြသည် ။ သူတို့ သက်တော့သက်သာ ဖြစ်လာပြီးနောက် သိချင်စိတ် ပြင်းစွာဖြင့် ဗူး ကို ကြည့်ရှုလိုက်ကြသည်။

အမျိုးသမီးလီ :  " ဒီဇုရှန်းလော် စားသောက်ဆိုင်က မြိ့ထဲရှိ အကောင်းဆုံး စားသောက်ဆိုင်တွေထဲ ပါဝင်တယ် ။စားပွဲတွေ , ထိုင်ခုံတွေကိုကြည့် , ဈေးကြီးပြီး ဒါကညအရမ်းခမ်းနားတာပဲ။ အာဏာရှိတဲ့ လူတွေက ဒီကိုလာပြီး စားသောက်ကြလိမ့်မယ်။ တော်ရုံတန်ရုံလူက ပိုက်ဆံမရှိပဲ ဒီကို လာစားနိုင်ကြမှာ မဟုတ်ဘူး။ "


ချီပေါင်က ပြောလိုက်သည်။ " အတိတ်တုန်းက တို့မိသားစုက ဒီမှာ စားဖို့အတွက်  မတတ်နိုင်ကြဘူး။ အခုမတူတော့ဘူး။  အခုတော့ စားဖို့တတ်နိုင်နေပြီ။ ငါတို့လာစားကြရမယ်။ ဘာပဲဖြစ်ဖြစ်  ဒုတိယ အဒေါ်  အနာဂတ်မှာ  ဒီနေရာမှာ လာစားချင်လား။ သမီးတို့ကတော့ လာစားကြမယ်။ "

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now