27. 1

948 118 1
                                    

27. Start of construction

နောက်တစ်နေ့ အာရုံတက်ချိန်တွင် ချီပေါင် နှင့် သူမ၏ အကိုများသည်  အိပ်ယာ ထ၍ သူတို့၏ လေ့ကျင့်ခန်း မျာ စတင်လုပ်ဆောင်နေကြသည်။သူတို့သည် ယနေ့တွင် အကယ်ဒမီသို သွားကြရမည် ဖြစ်သော်လည်း သူတို့သည် နူးညံ့ယဉ်ကျေး သော ပညာရှင် ကျောင်းသားတစ်ယောက်မဖြစ်လိုကြပေ။  ပြီးတော့ လုံ့လ ဝီရိယရှိစွာ ကြိုးစားပါက တစ်ချိန်ထဲတွင် နှစ်မျိုးစလုံး တိုးတက်နိုင်ပေမည်။ (ပညာရှင်တွေက ဖြူဖျော့ နုဖတ်နေတတ်တယ်လေ။ စာပဲလုပ်ပြီး ဘာမှမလုပ်လို့ )

ယောက္ခမ နှင့် ချွေးမများသည် ကလေးများကျောင်းသွားချိန် မနှောင့်နှေး စေရန်တွေးပြီး မနက်စာ စောစော ပြင်ဆင်နေကြလေသည်။

မနက်စာစားပြီးနောက် ကောင်ကလေးများသည် အဝတ်အစားအသစ်များကို ပြောင်းလဲဝတ်ဆင်ပြီး သူတို့၏အမေ ချုပ်ပေးထားသော ကျောင်းလယ်အိတ်လေးကို  သူတို့၏ပခုံးပေါ်တွင် ကန့်လန့်ဖြတ် စလွယ်သိုင်းကာ  နွားလှည်းပေါ်သို့ တက်လိုက်ကြသည်။ရှောင်းဝုက ပြောလိုက်သည်။ "ညီမလေး  အကို ကျောင်းသွားတော့မယ်။ အကိုငါးကို လွမ်းမနေနဲ့နော်။ အကိုငါးက ကျောင်းပြီးတာနဲ့ပြန်လာခဲ့မယ်။ ပြီးတော့ ညီလေးခြောက် မင်းအဘွားနဲ့ အန်တီရဲ့စကားကို နားထောင်ပြီး ကောင်းကောင်းပြုမူရမယ်နော်။"ပြောပြီးနောက် သူ့ကိုကြည့်ရသည် သွားရန်တွန့်ဆုတ်နေလေသည်။

ခီပေါင်သည် ရှောင်းဝု၏ စကားများကို ကြားသောအခါ အလွန်ရယ်စရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ချီပေါင် က သူမ၏ အကို ငါး သည် ကိုယ်ခံပညာကို ပိုပြီးသင်ယူချင်သည် ဆိုတာကိုသိလေသည် ။ထု့‌ေနာက် ချီပေါင်က  " အကိုငါး သရုပ်ဆောင်မနေပါနဲ့။ ဆယ်ရက် လဝက်လောက် ပြန်မလာနိုင်တာလဲမဟုတ်ပဲနဲ့ ။အကိုခြောက်နဲ့ ညီမလေးက အကို တို့ ကျောင်းပြီးရင် ပြန်လာမှာကို အိမ်ကနေစောင့်နေမယ်။မစိုးရိမ်ပါနဲ့ " သူမသည် ထိုသို့ ပြောပြီးနောက် သွားခါနီးဖြစ်သော သူမ၏ အကို များကို နှုတ်ဆက်လိုက်သည်။ရှုတပေါင်သည် မိသားစု ဝင်အကုန်လုံးနှုတ်ဆက်ပြိးသည်ကို မြင်သောအခါ နွားလှည်းကို မြို့သို့ ဦးတည်ကာ မောင်းနှင်လိုက်သည်။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now