33.1

537 67 0
                                    

33 .Subdues  (1)

ရှုလောင်စန်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ပြောလိုက်သည်။

" ညီအကို ငါတို့မိသားစုနဲ့ မင်းမှာအတိတ်ရော အခု မှာပါ ဘာရန်ငြိုး ရန်စမှ မရှိခဲ့ပါဘူး။ ဘာကြောင့် ငါတို့မိသားစုကို ဒုက္ခပေးရတာလဲဆိုတာကို ငါမသိဘူး။ မင်းငွေလိုချင်လို့လား။ ငါ့မှာငွေ ၁၀၀တေးလ်ရှိတယ်။ ငါ မင်းကို အားလုံးပေးမယ်။ ကြည့်!   ပြီးရင် ငါတို့မိသားစုကိုလွှတ်ပေးပါ။ "

သူကငွေတစ်ရာ တေးလ်ကို သူ၏လက်မောင်းအတွင်းမှ ထုတ်ယူလိုက်လေသည်။

ခေါင်းဆောင်လူကြီးက သူ့လက်ထဲ၌  ဓားဖြင့် ကစားနေရင်း စိတ်လှုပ်ရှားစွာဖြင့် သူအနောက်ရှိ သူ၏ လူများကို ငွေယူရန် စောင်းကြည့်လိုက်သည်။ခေါင်းဆောင်လူကြီးသည်  ငွေများကိုယူပြီးနောက်ပြောင်ချော်ချော်မျက်နှာပေးဖြင့် ပြောလိုက်သည်။

" ဒါပေါ့ , ငါငွေလိုချင်တာပေါ့။ ဒါပေမဲ့ ငါဒီကို ငွေ တစ်ခုတည်းအတွက် လာတာမဟုတ်ဘူးလေ။ ညီအကို တို့ လုပ်လိုက်ကြစို့ !! "

 
ရှုလောင်စန်းက ထိတ်လန့်ကြောက်ရွံ့စွာဖြင့်ပြောလိုက် သည်။ " မင်းတို့ကောင်တွေ ! ပိုက်ဆံရပြီးပြီမဟုတ်လား ။ ဘာ့ကြောင့်ငါတို့အားလုံးကို သတ်ချင်နေရတာလဲ ?  "

ဂိုဏ်းခေါင်းဆောင်က သရော်စွာ ပြောလိုက်သည်။ "  ဘယ်သောအခါမှ ကြိုးကြောင်းဆီလျော်မှုမရှိပေမဲ့  ဒီလူအိုကြီးငါက ငါ့ရဲ့ချိတ်မှာမိတဲ့ ဘယ်သူ့ကိုမှ ခွင့်လွှတ် ပေးလေ့မရှိဘူး ။ ဘာဖြစ်လို့လဲဆိုတော့ငါ့မှာ နူးညံ့တဲ့နှလုံးသားတစ်စုံရှိတယ်လေ။  "

လက်အောက် ငယ်သားများက သူတို့၏ ဓာကြီးများနှင့်ပြေးလာကြလေသည်။ ဒါကို ချီပေါင်ကမြင်သောအခါ သူမ၏ ခြေချောင်းလေးများကို လေထဲမှာ ကန်လိုက်တယ်။ ရှေ့က လာတဲ့လူ တစ်ယောက်ကို ကန်ထုတ်လိုက်ပြီး  မြေပေါ်သို့ အမှောက်သိပ်လိုက်တယ်။ ထို့နောက်လျင်မြန်စွာ လှည့်သွားလိုက်ပြီး နောက်က အခြားတစ်ယောက်၏ပေါင်ကိုသူမ၏ ဓာတ်မြှောင်ဖြင့် ထိုးကာဟန့်တားလိုက်တယ် ။ ထိုဟန့်တားမှုကြောင့် ထိုလူသည် သနားစရာကောင်းစွာငိုယိုအော်ဟစ်ပြီး သူ၏ပေါင်ကိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့တယ်။ ပြန်မထလာနိုင်တော့ပေ။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now