31.2

751 86 2
                                    

31 .  အဆက်

ချီပေါင်က ထပ်ပေါင်းလိုက်သည်။ " ဒါက အရသာကောင်းတယ်ဆိုရင်  ပိုပြီးစား ။ ငါအများကြီး ယူလာခဲ့တယ်။ " ထိုကဲ့သို့ပြောပြီးနောက်  သူမက နောက်ထပ်  ငရုတ်ကောင်းမပါသော ဝက်ဗိုက်သား တစ်ချောင်း ကိုယူလိုက်ကာ  အသားကို ချွတ်လိုက်ပြီးနောက် ရှောင်ဘ အားကျွေးလိုက်သည်။ သူအချိန်အကြာကြီး  မစောင့်နိုင်တော့ဘူးလေ။ ရှောင်က နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူ့အားသတိရလာသောကြောင့် သူက ‌ခုန်ပေါက်နေလေသည်။ သူကအသားကို တစ်ကိုက်ထဲကိုက်ရင်း မြေပြင်ပေါ်၌ ပျော်ရွှင်စွာ လဲလျောင်းလိုက်သည်။ အားလုံးက ဘာဘီကျူ စားရင်း အတူတူ စကားစမြည် ပြောနေကြသည်။အစ်ကိုများအတွက်  ဒီလိုမျိုး စိတ်အပန်းဖြေဖို့ဆိုတာ ရှားပါးတဲ့ အခိုက်အတန့်လေးပဲဖြစ်တယ်။

အထူးသဖြင့်အစ်ကိုကြီး သူက စာဖတ်ဖို့အတွက်နောက်ကျတဲ့အထိနေပြီး နံနက်ခင်းအာရုံတက်ချိန်တွင် သူတို့နှင့် လေ့ကျင့်ဖို့အတွက် အိပ်ယာထရလေသည်။ စိတ်ဝိညာဉ်စမ်းရေ သာမရှိပါက ချီပေါင်သည် သူမအစ်ကို၏ ခန္ဓာကိုယ် ပြိုလဲသွားမည်ကို စိုးရိမ်နေရပေလိမ့်မည်။ချီ‌‌ေပါင် က သူမ၏အကိုအား အကြိမ် အအနည်းငယ်လောက်ဆွဲဆောင်ဖို့ကြိုးစားလိုက်‌သည်။သူက အပေါ်ယံသဘောတူသော်လည်း  သူလုပ်စရာရှိတာကို လုပ့်သည်။ ချီပေါင်သည် သူမ၏အစ်ကိုကြီးက စာလေ့လာရင်း ရှေ့သို့တက်လှမ်းသွားချင်သည်ကိုသိလေသည် ။ ချီပေါင်သည် သူမ၏ အစ်ကိုများအတွက် အရသာရှိသော အစားအစာများနှင့်အာဟာရဖြစ်စေသော အစားအစာများကိုပြုလုပ်ပေးရန်တစ်ခုသာတတ်နိုင်လေသည်။

ပျော်ပွဲစားသည်နှစ်နာရီကြာပြီးနောက်ပြီးဆုံးသွားခဲ့လေပြီ။ ကလေးများ အားလုံးသည် သူတို့၏ခြင်းများနှင့်အတူအိမ်ပြန်ရန်အဆင်သင့်ဖြစ်နေကြလေပြီ။ထိုခြင်းများထဲ၌  အသားကင်ထားသောအကင်ချောင်းအချို့ ပါဝင်လေသည်။ထိုအရာများသည်သူတို့အိမ်မှာရှိသောလူကြီးများအတွက်ပြန်ယူသွားရန်ရည်ရွယ်ထားနေသည်။သူတို့သည် ရှုမိသားစုခြံဝန်း၏ဝင်ပေါက် သို့ရောက်သောအခါ ရှုဟွအာက ပြောလိုက်သည်။ " ချီပေါင် ငါအထဲကို မဝင်တော့ဘူး ။ ငါအချိန်ရလာတဲ့အခါ နင်နဲ့ ကစားဖို့ ပြန်လာခဲ့မယ် ။ " ချီပေါင်က ခြင်းအတွင်းရှိ အကင်ချောင်းများကို ယူလိုက်ကာ ရှုဟွအာ၏ လက်ထဲသို့ တွန်းထည့်လိုက်သည်။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now