37.2

350 51 1
                                    

37. Setting up a banquet(2)

သုံးလှည့်လောက် သောက်ပြီးနောက် ဟင်းပွဲများလည်းကုန်လုနီးပါးပင်။ဘယ်ရွာသားများကမှ ယခုကဲ့ အရက်များနှင့် အသားများကို့ ပျော်ရွှင်စွာမစားခဲ့ရပေ။ ရှုမိသားစုပွဲမှ ကျွေးမွေးသော အစားအစာများသည် အလွန်အံ့ဩဖွယ်ကောင်းပေသည်။ ရှုမိသားစုမှ သဒ္ဒါတရားထက်သန်စွာ ကျွေးမွေးသော စားပွဲပေါ်ရှိ ဟင်းပွဲများကို စားပြီးနောက်  သူတို့၏ ထက်သန်မှုအတွက် သက်ပြင်းချလိုက်မိကြသည်။

ရွာသားများအားလုံး စား‌၍ပြီးစီလုနီး အချိန်၌  အားလုံး လုစုခွဲလိုက်ကြသည်။ ရပ်ရွာထဲ မှကူညီရန်လာကြသောအမျိုးသမီးများကလည်း   သူတို့၏ ပန်းကန်များကိုချကာ  ကူညီဝိုင်းသိမ်းရန် မတ်ရပ်လိုက်ကြသည်။လုပ်အားအရေအတွက်များမှုကြောင့် အချိန်ခဏလေးအတွင်းမှာပင် သိမ်း၍ပြီးဆီးသွားပြီး အိမ်ပြန်ရန် အဆင်သင့်ဖြစ်နေကြလေပြီ။  အမျိုးသမီးဝမ်က သူမတို့အား လျင်မြန်စွာ ရပ်တန့်စေလိုက်ကာ " Goudan (တာ့ကူး ),  မသွားကြပါနဲ့ ဦး ! ရှင်တို့ ဒီနေ့အရမ်းပင်ပန်းခဲ့ရပြီ။ လာပါဦး။ ညနေ အိမ်မှာစားဖို့အတွက်  တစ်ဦးစီကို အသားဟင်း နှစ်ပန်းကန်ဆီထည့်ပေးထားတယ် "

ကူးတာ့ရီ နှင့်  ကူညီရန်လာသေညအမျိုးသမီးကြီးများက  " အန်တီ , ဒါ ကမဖြစ်သင့်ပါဘူး။ စားပြိးသွားတဲ့ အပြင် ဒါတွေကို ထည့်သွားရတာက နည်း မ်းမကျဘူး။ ဒီအလုပ်တွေ လုပ်ရတာက ကျွန်မတို့အတွက် မပင်ပန်းပါဘူး ။ ဒါတွေက အိမ်မှာလည်း လုပ်နေရတာပါပဲ။ "

အမျိုးသမီးဝမ်က  " ဒါက ဘယ်လိုလုပ်တူမှာလဲ။ ဟုတ်ပါတယ် , မင်းတို့အိမ်မှာက  မင်းတို့ကိုယ်တိုင်အတွက်ပဲ လုပ်ရတာလေ။ အခုက ငါ့ရဲ့ အိမ်ကို ကူညီဖို့လာခဲ့ကြတာ။ ကြည့် ငါ့အိမ်ကို မင်းတို့ ဘယ်လို သန့်ရှင်းအောင်လုပ်ပေးသွားလဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။  ဘာပဲဖြစ်ဖြစ် , အိမ်မှာအသားတွေ အများကြီးကျန်နေသေးတယ်။ တို့မိသားစုလည်း ကုန်အောင်မစားနိုင်ပါဘူး။ မင်းရဲ့အဒေါ်ကို တန်ဖိုးထားတယ်ဆိုင်ရင်  ဝိုင်းစားဖို့အတွက် ကူညီပေး။ မင်းတို့ ဒါကို မစားကြဘူးဆိုရင်  ဒါတွေက ဆိုးရွားသွတော့မယ်။ " 

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now