18 (2)

1.2K 142 5
                                    

18 . Growing Vegetables (part .2)
Moon LayMarch 20, 2024

လူတိုင်းသူ မြေပြင်၌ရုတ်တရက်ပေါ်လာသော အရာများကို တုန်လှုပ်စွာဖြင့်ကြည့်နေကြသည်။သူတို့၏ ပါးစပ်များသည် ဘဲဥ တစ်လုံးလောက် ဝင်လို့ရသည် အထိ ပွင့်ဟနေကြသည်။လူတိုင်းသည် ချီပေါင်ယူလာသော ပစ္စည်းများသည် သူမ၏ ဆရာ ဆီကဟု ပြောသည်ကိုကြားလိုက်ရသည်။ချီပေါင်မထုတ်လိုက်ခင်အချိန်ထိ မည်သူမျှထိုအရာများကိုမမြင်ဖူးကြပေ။ ယခုအခါမှာတောလူတိုင်းသည် သူမ၏ ပစ္စည်းများထုတ်ယူသည့် နည်းလမ်းကိုကြည့်၍တုန်လှုပ်သွားရသည်။





သူ၏ သက်တမ်းပြည့်လုနီးပါအထိ နေထိုင့်ခဲ့ပြီးသော အဘိုးကြီးတောင်မျ တုန့်ပြန်ရန်အတွက် နေ့တစ်ဝက်လောက်အချိန်ပေးလိုက်ရသည်။ ထို့နောက် စကားထစ်စွာနှင့် " ချီပေါင် ဒါတွေအကုန်လုံးကို သမီးအပြင်ထုတ်ခဲ့တာလား "

ချီပေါင်သည် လူတိုင်း၏ တုန့်ပြန်မှုတွေကိုကြည့်လိုက်သည်။ ထို့နောက် သူတို့ ထို့အခိုက်အတန့် လေးမှာ ဘယ်လိုခံစားရမလဲ ဆိုတာကို နားလည်သွားခဲ့သည်။ထို့နောက် လူအိုကြီး ကိုပြောလိုက်သည်။" အဘိုး! ဒီအရာ တွေအကုန်းလုံးကို ဆရာ့ နေရာကနေယူလာတာပါ။ မြန်မြန်လေး ဦး‌ေလးတို့ အကုန်လုံး ဒီပျိုးပင်တွေကို မြေကြီးထဲမှာ ချစိုက်ကြရအောင် ။ "

သူ၏မြေးမလေး ပြောသည်ကိုကြားပြီးနေ။က် လူအိုကြီးသည် ချက်ချင်းပင် သူ၏သားသုံးယောက်ကို အဖိုးတန်လှသော ဒီဟင်းသီးဟင်းရွက်ပင်မျယးကို သူ၏ခြံထဲတွင် ကူစိုက်ပေးရန် အမိန့်ပေးလိုက်သည်။



ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးပြီးအချိန်ရောက်မှသာ လူတိုင်းသည် သူတို့၏စိတ်များပြန်ဝင်လာခဲ့သည်။

( အစက အလုပ် လုပ်နေသာ်လည် အသိမရှိသလိုဖြစ်ပြီး ခိုင်းတာလုပ်နေကြတာ )

ရှောင်းဝု သည် သူ၏ညီမလေး လက်ကိုအမြန်ပြေးဆွဲ လိုက်ပြီး " ညီမလေး! နင်က နတ်သမီးလေးလား။ ဒီလောက်များတဲ့ အရာတွေ ချက်ချင်းပေါ်လာင် ဘယ်လိုလုပ်ခဲ့တာလဲ ။အနားယူနေသော ညီအကို အကုန်လုံးသည် ချီပေါင်ကို အလည်မှာ ထားပတ်ပတ်လည်ဝိုင်းကာ ချက်ချင်းစုဝေးလိုက်ကြသည်။ စကားတပြောပြောနှင် သူတို့၏ ညီမလေးနားတွင် ထိုအပင်တွေက ဘာအပင်အမျိုးအစားတွေ လဲ ၊ သူတို့တွေ ဟ စား၍ကောင်းမကောင်း မေးမြန်းနေကြသည်။



#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now