28.2

704 80 0
                                    


အလုပ်သမားများသည် အကိုကြီးရှု၏ အသားများက သူတို့စားဖို့ရန်အတွက်ဝယ်လာသည်ဟု ပြောသည်ကို ကြားလိုက်ရသောအခါ  သူတို့အားခုံးက ရှော့ရသွားကြသည်။ ရှုတနူက ပြောလိုက်သည်။ " အကိုကြီး မင်းတို့ဒါက်ုမလုပ်သင့်ဘူး။ လူတိုင်းအတွက် မြင့်မားတဲ့ အခကြေးငွေကို ပေးထားပြီးပြီလေ။ ဒါကြောင့် ငါတို့က မင်တို့မိသားစု ဝယ်လာတဲ့အငားကို ဘယ်လိုစားနိုင်မှာလဲ။မင်းတို့ကိုယ်တိုင် ပဲစားကြပါ။ " လူတိုင်းက လက်ခံကြောင်းအော်လိုက်ကြသည်။

ရှုပေါင်ကလျှင်မြန်စွာ ပြောလိုက်သည် " လူတိုင်း မငြင်းကြပါနဲ့။ ငါတို့မိသားစုက ဝယ်သားဝယ်ဖို့အတွက် လုံလောက်ပါသေးတယ်။ငါတို့အားလုံးက တစ်ရွာတည်းသားတွေပဲ။ ပြီးတော့ ငါတို့မိသားစုက အသားအများ မစားနိုင်ပါဘူး။ ဒါတွေက အချိန်အကြာကြီး ထားရင် ပုတ်သိုးပျက်ဆီးနိုင်တယ်။

ရှုချန်းရှန်က ထိုအချိန်မှာပဲ ပြောလိုက်သည်  " လူတိုင်း  ဒီအသားက ငါတို့စားဖို့အတွက် ဝယ်လားတာ ၊ ဒါကြောင့် ငါတို့က ဒီအသားနှင့်ထိုက်တန်အောင်  အိမ်ကို ပိုကောင်းအောင် ဆောက်ပေးရမယ်။ရှုမိသားစုက ဒါကို ဝယ်ဖို့အတွက် ငွေတွေအများကြီး အကုန်ကျခံထားရတယ်။ ဟုတ်တယ်မလား"

လုတိုင်းက ဒါက်ုကြားလိုက်ရတော့ မငြင်းဆိုကြတော့ဘူး။ထို့နောက် ရှုချန်းရှန်က  လူတိုင်းအားအလုပ်များခွဲပေးလိုက်သည်။သူက ဒီအိမ်လေးကို  လှပစွာ ဆောက်ပေးရပေလိမ့်မည်  ။လူတိုင်းက သူတို့ခွက်ထဲ ရှိ လက်ဘက်ရည်များကို သောက်လိုက်ကြပြီး သူတို့၏တညဝန်များကို ကြိုးကြိုးစားစားနှင့် လုပ်လိုက်ကြသည်။

ရှူးမိသားစု၏မိသားစုဝင်များသည်အိမ်သို့အတူတကွပြန်လာခဲ့ကြသည်။သူတို့ညီအစ်ကိုနှစ်ဦးသည်ဝက်သားများကို လက်ချင်းချိတ်ပြီးသယ်ကာမီးဖိုချောင်သို့ယူသွားကြသည်။ယောက္ခမနှင့်ချွေးမများသည် များပြားလှ‌ေသာဝက်သားများကိုမြင်သောအခါ အမူအရာများစတင်ပြလာကြသည်။သူတို့သည်‌ေနလည်စာ များနှင့်ပတ်သက်ပြီးစီစဉ်ထားလိုက်ကြသည်။ အာလူးစတူအိုကြီးတစ်အိုး၊ပါးပါးလှီးထား‌ေသာ ငရုတ်သီးနှင့် ခရမ်းသီး ကြော်တစ်အိုးကို၊ နှင့်ကြီးမားသောအရိုးစွပ်ပြုတ်အိုးကြီးတစ်အိုးချက်ပေးလိမ့်မည်။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now