36.2

233 45 0
                                    

36   First Stage ( of a  building)(2)

အမျိုးသမီးဝမ်က ပြုံးပြီးပြောတယ် "ငါ့အဖိုးကြီးက  မနက်စာစားဖို့ ယောက္ခမတွေကို မနက်အစောကြီး  သားကြီးကို နွားလှည်းမောင်း ပြီး သွားကြိုခိုင်းတယ် ။ ငါ့ရဲ့  ခမည်းခမက်(ချွေးမ၏ အဖေ၊အမေ ) တွေက  ရှုကျားရွာ၏ အဝေးမှာ။ သူတို့တစ်နာရီလောက်စီးရလိမ့်မယ်။မကြာမီသူပြန်ရောက်လာတော့မယ်ဆိုတာသေချာပါတယ် "

အဒေါ်ချင် : " ဒီတော့ ဒါကဘယ်လိုလဲ ။ ငါကတော့ နင့်ရဲ့ ခမည်းခမက် သုံးယောက် (သုံးတွဲ)က  ထိုးထွင်းသိမြင်မှုရှိတယ် လို့ မြင်တယ်။ သူတို့ရဲ့သမီးတွေကို လက်ထပ်ဖို့အတွက်မိသားစုကိုလွှတ်လိုက်တယ်‌‌ လေ။ အမကြီး , နင်က အရမ်းကောင်းတာပဲ။ နင်ရဲ့ချွေးမတွေကို သမီးအရင်းလိုမျိုးဆက်ဆံတယ်။ ဘယ်သူကများ သူတို့ရဲ့သမီးတွေကို ဒီမိသားစုထဲကို ချွေးမအဖြစ် မလွှတ်ချင်မှာလဲ။ "

အမျိုးသမီးဝမ်က ရယ်မောကာထပ်ပေါင်းပြောလိုက်တယ်။ " ညီအမ , နင်လည်းသိတာပဲ , ငါ့မှာသားသုံးယောက်ပဲရှိပြီးတော့ သမီးမရှိဘူး။ ဒါကြောင့် သူတို့ရောက်လာတော့ ငါအရမ်းပျော်တယ်။ ငါက အမြဲသမီးတစ်ယောက် ချီချင်ခဲ့တာ , ဒါပေမဲ့ ငါဒီဘဝမှာတော့ မရနိုင်တော့ဘူး။ ငါကခမည်းခမက်တွေကို သူတို့ရဲ့အဖိုးတန်သမီးတွေကို ငါ့ရဲ့ ချွေးမအဖြစ် ပေးဖို့စေတနာရှိတဲ့အတွက်  အရမ်းကျေးဇူးတင်မိတယ်။ ငါ့ရဲ့ ချွေးမသုံးယောက်ကို ဆိုးဆိုးဝါးဝါး (ရွားရွား )မဆက်ဆံနိုင်ပါဘူး ။သူတို့က၅မိသားစုထဲကိုချွေးမအဖြစ်လက်ထက်ဝင်လာတယ်။ငါကသူတို့ကိုသမီးအရင်းတစ်ယောက်လိုဆက်ဆံတယ်။ငါ့ရဲ့ချွေးမတွေကလည်ပင်းငါ့ကိုသူတို့ရဲ့အမေလိုဆက်ဆံတယ်။ ငါ့ရဲ့ သားတွေထက် သူတို့က ငါ့အပေါ် အာရုံစိုက်မှုပိုရှိတယ်။ ဒါကိုဘာဖြစ်လို့ ငါက မကြိုက်ရမှာလဲ။ "


ချွေးမသုံးယောက်က သူတို့၏ယောက္ခမပြောသည်ကိုကြားအခါ  သူ့တို့ယောက္ခမ က သူမ(ချွေးမ)တို့အပေါ်  ကြင်နာမှုကို ထုတ်မပြောသော်လည်း သူမတို့က အလွန်ကို ကျေးဇူးတင်မိသည်။ သို့သော်လည်းပဲ အမှန်တကယ်ကိုပင် သူမ(ယောက္ခမ)က သူမ(ချွေးမ)တို့အား သူ့သမီးအရင်ကဲ့သို့ဆက်ဆံ‌ ပေသည် ။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now