27.2

732 92 1
                                    

27. Start of construction

 သူမ၏ ယောက်မ အလုပ် လုပ်စရာရှိသည်ကိုမြင်သော အခါ အမျိသမီးလီက ပြောလိုက်သည်။  " အမေ  တတိယ ယောက်မ နဲ့ကျွန်မက ဟင်းသီးဟင်းရွက်ဥယျာဉ်   ထဲသွားပြီး အသီးအရွက်အချို့ခူး ကာ ပြင်ဆင်လိုက်မယ်။ နေ့လည်စာ စားမဲ့သူက အများကြီးရှိတယ်။ ဒါကြောင့်စောစောပြင်ဆင်ထားမှရမယ်။  မဟုတ်ရင် နောက်ကျသွားလိမ့်မယ်။ အလုပ်တွေ ကူလုပ်ပေးနိုင်မှာ မဟုတ်တော့ဘူး "  သူမနှင် အမျိုးသမီးလင်းသည် ခြင်းတောင်းကိုယ်စီယူကာ  အသီးအရွက်များ ခူးရန် ခြံနောက်ဖက်သို့ သွား လိုက်ကြသည်။ 

အမျိုးသမီးဝမ်က " အဘိုးကြီး  ကြည့်ပါဦး ဒီချွေးမသုံးယောက်က ဘယ်လောက်ဝတ်ကြီးဝတ်ငယ်သိလိုက်သလဲ။ သူတို့အားလုံးက အပြေးအလွှားကို အလုပ်လုပ်နေကြတယ်။ ဘာလို့လဲဆိုတော့ ဒီအဘွားကြီး ငါ့ကို ပင်ပန်းးမှာ စိုးရိမ်နေလို့ပဲလေ။ " သူမ၏ မျက်နှာမှာ ကျေနပ်နှစ်သိမ့်မှုများ ခိုတွဲနေလေသည်။ 

" ကောင်းပါပြီ ၊ မင်းရဲ့ ပျော်နေတဲ့ မျက်နှာ ကိုကြည့်ပါဦး ။ ဒါပေမဲ့  ဒီချွေးမ သုံး‌ေယာက်က  အမှန်တကယ်ကို ‌ေကာင်းကြတယ်။ အနာဂါတ်မှာ သူတို့ကို ဆိုးဆိုးရွားရွား  ဆက်ဆံမှာ မဟုတ်ပါဘူး "  လူအိုကြီး၏ မျက်နှာ မှာလည်း အပြုံးကြီးကို ချိတ်ဆွဲထားလေသည် ။ ထိုသို့ပြောပြီး နောက် ဆောက်လုပ်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုနေလေသည်။ သို့သော်လည်း မှားယွင်းမှုများကို မ‌ေတွ့ကြရပေ။ အမျိုးသမီးဝမ်သည်  အဘိုးကြီးက လျင်မြန်စွ့ာ ပြေးထွက်သွားသည်ကိုတွေး လိုက်ရသည်။ သူမသည် ပြုံး၍ ကြိမ်းမောင်းကာ မီးဖို ချောင်အတွင်း  ဝင်သွားလိုက်သည်။

ချီပေါင်က စုတ်တံကို ယူလိုက်ကာ သူမ၏အကိုခြောက် အား ခြံဝန်းအတွင်းရှိ သစ်သားစားပွဲရှေ့တွင်ထိုင်ရန် ဦးဆောင်ခေါ်သွားလိုက်သည်။ " အကိုခြောက်  ညီမလေးအခု အကို့ကို စကားလုံးတွေမှတ်မိအောင် အရင်သင်ပေးမယ်။ ပထမဆုံး အကို့ရဲ့ ကိုယ်ပိုင် နာမည်ကို ဘယ်လိုရေးရမလဲဆိုတာ သင်ပေးမယ်။ " သူမ၏လက်ထဲတွင်စုတ်တံတစ်ချောင်းကို ကိုင်ကာ " ရှုမင်ဟွမ် " ဆိုသော စာလုံးသုံးလုံးကို စုတ်ချက်တစ်ဆက်တည်းဖြင့် ချရေးလိုက်သည်။ ထို့နောက် သူမက လက်တစ်ဖက်ဖြင့် စာလုံး၏ ဝိသေသ များကို ညွှန်ပြကာ ဘယ်လိုဖတ်ဪမည်ဆိုသည်ကို သူမ၏ အကိုအားသင်ပေးလိုက်သည်။ (စာလုံးပေါင်းတိုင်ပေးတာ )

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now