31.1

571 71 0
                                    

31. Barbecue

အချိန်များက မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။လတစ်ဝက်လောက်ကြာပြီနောက်ရှု့မိသားစုအိမ်ဟောင်းကလည်းပဲအိမ်ဆောက်လုပ်ပြီးသွားခဲ့လေပြီ။ ချီပေါင်ကသူမ၏ဘဝကိုနေ့တိုင်းရိုးရှင်းစွာနဲ့ဖြတ်သန်းနေလေသည်။သူမကမနက်စောစောအိပ်ရာထကာ သူမာ၏အစ်ကိုများနှင့်‌ေလ့ကျင့်မယ်။သူမ၏မိသားစုဝင်များအား ဘယ်လိုစာဖတ်ရမည်ကိုသင်ပေးမယ်။သူမ၏အားလပ်ချိန်များတွင် နေရာလွတ်အတွင်းသို့ ဝင်ကာကိုယ်ခံပညာကို လေ့ကျင့်မယ် ။ဖော်ပြဖို့ထိုက်တန်တာကတော့ ချီပေါင်က " Piao Miao" စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းနည်းစနစ်ကိုကျွမ်းကျင်သွားခဲ့ပြီ။" ချီပေါင်၏ကောင်းမွန်စွာ နားလည်နိုင်ခြင်းကြောင့် ရှောင်လင်း ‌ပင် ချီးမွမ်းခဲ့ရလေသည်။

ဇုရှန်းလု ဆီသို့ ဟင်းသီးဟင်းရွက်များကို အကြိမ်များစွာ ပို့ဆောင်ပြီးဖြစ်သည်။ ယနေ့သည် သူမ၏အကိုများအားလပ်ရပ်ဖြစ်ပေသည်။ထို့ကြောင့်သူမသည် အပြင်ထွက် အပန်းဖြေဖို့အတွက် ဘာဘီကျူ လုပ်ကျွေးရန် အစီအစဉ်ထားလေသည်။ချီပေါင်သည် ပါဝင်ပစ္စည်းများကို ခြင်းအတွင်းပြင်ဆင်ထည့်ပြီးနောက် အကိုကြီးနှင့် ဒုတိယ အကိုတို့အား သယ်လာခိုင်းလိုက်သည်။ သူမကိုယ်တိုင်က ပန်းပွင့်ပါသော အဝတ်နဲ့ ဖုံးထားတဲ့ ခြင်းတောင်းသေးသေးလေးကို သယ်လာခဲ့တယ်။တချင်းတောင်ခြေအထိ ပစ္စည်းများကို သယ်လာလိုက် ကြသည်။

ထိုအချိန်၌ သူမ၏ အကိုခြောက် ကိုညခေါ်လာရုံသာမက သူန၏ သူငယ်ချင်း ဟွာအား ဖိတ်ခေါ်ထားသည်။ ရှောင်ဘကလည်း ချီပေါင်၏နောက်မှ နာခံမှု ရှိရှိဖြင့်လိုက်လာသည်။ ရှောင်ဘက ယခုချိန်အတော အတွင်း၌ အတော်လေး ကြီးထွားလာလေပြီ။အဘယ်ကြောင့်ဆိုသော် သူက စိတ်ဝိဉာဉ်စမ်းရေ အားနေ့စဉ်သောက်ခဲ့သောကြောင့် ဖြစ်လေသည်။ သူ၏ သားမွှေးများက တောက်ပလာပြီး အိမ်ရှိလူအားလုံးကလည်း သူ့အားချစ်ကြလေသည်။

သူတို့အားလုံးသည် တချင်းတောင်၏ မြောက်ဘက် မြက်ခင်းလွင်ပြင်သို့ ရောက်လာကြသည်။သူတို့သည် မြေနေရာတစ်ခုကိုရွေးချယ်လိုက် ကာ တင်ပျဉ်ခွေထိုင် လိုက်ကြသည်။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now