22. Buying Land 2ရွာလူကြီးသည် အံ့အားသင့်စွာနှင့်ပြောလိုက်သည်။ " အဲ့ဒီ့ အပိုင်းကမြေကွက် က ၅ဧက နီးပါးလောက်ရှိတယ်။ အခုလက်ရှိ ငွေဈေးနှုန်းအရ တစ်ဧက ကို ငွေ 3တေးလ် လောက်ကျမယ်။ ထိုမြေကွက် အကုန်လုံးအတွက် ဝယ်ခဲ့မယ် ဆိုရင် ၁၄တေးလ် လောက်ကျလိမ့်မယ်။ "
အကြီးဆုံးရှုက မှတ်ချက်ချလိုက်သည်။ " မစိုးရိမ်ပါနဲ့ ။ ကျေးရွာခေါင်းဆောင် ကျွန်တော့မှာ ငွေချေားလုံလုံလောက်လောက်ရှိပါတယ်။ ထိုမြေကွက် ကို ဘယ်အချိန်လောက် လွှဲပြောင်းရနိုင်မလဲဆိုတာ သိချင်ပါတယ် "
ကျေးရွာခေါင်းဆောင်က ပြန်ပြောလိုက်သည်။ "ညီအကို မင်း ! ဒီမြေကွက်ကို ဝယ်မှာသေချာတယ်ဆိုရင် ငါဒီနေ့လည်ခင်းမှာ မြို့ကိုသွားပြီး ငါချက်ချင်းပြီးအောင် လုပ်ပေးနိုင်ပါတယ် "
" ဒါကအရမ်းကောင်းတာပဲ ၊ ရွာခေါင်းဆောင် ရွာမှာရှိတဲ့ အလုပ်မရှိ သန်မာတဲ့အလုပ်သမားတွေကို ကျွန်တော့ကို ကူညီပေးဖို့ လို့မေးပေးလို့ရမလား။ကျွန်တော် အိမ်အသစ်ဆောက်တဲ့အခါ ကူညီ့အလုပ်သမားတွေကို တစ်ရက်ကို ဝမ် 20 နှင့် နေ့လည်စာ စီစဉ်ပေးပါ့မယ်။ "
ကျေးရွာခေါင်းဆောင်က အံ့အားသင့်ပြီး ပြန်ပြောလိုက်သည်။ " လုပ်အားခက အရမ်းမများဘူးလား။ မြို့မှာ အချိန်ပိုင်းအလုပ်လုပ်ရင်တောင် တစ်ရက်ကို 15ဝမ် ပဲရတယ်။ဒါတောင် အစားအစာအတွက် မစီစဉ်ပေးဘူး "
အကြီးဆုံးရှုက ပြန်ပြောလိုက်သည်။ " ငါတို့အားလုံးက တစ်ရွာတည်းသားတွေပဲ။ ငါ့အိမ်မှာ တစ်စုံတစ်ခု သာဖြစ်ခဲ့မယ်ဆိုရင် ရွာသားအားလုံးကလည်း ကူညီပေးကြမှာ ပဲလေ ။အခုက ကောင်းမွန်တဲ့အရာ ဆိုတော့ ငါ ရွာသားတွေကို စိုးစိုးရွားရွား မဆက်ဆံနိုင်ပါဘူး။" သူကပြောရင်းဖြင့် သူ၏ အိတ်ကပ်ထဲမှ ငွေချောင် 15တေးလ် ထုတ်ပြီး ရွာေခါင်းေဆာင် ၏ လက်ထဲ ထည့်ပေးလိက်သည်။ " ရွာေခါင်းဆောင် ဒီမှာ ငွေ15 တေးလ်ပါ။ ရာမန် တွေကိုလည် း ဂရုစိုက်ရဦးမယ်မဟုတ်လား။ ငါ ရွာခေါင်းဆောင်ကို ဒီခရီးအတွက် ဒုက္ခခံစာစေလို့မဖြစ်ဘူးလေ။ "
YOU ARE READING
#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)
Fantasyသွေးအေးရက်စက်တယ်လို့နမည်ပေးခံရတဲ့ 21ရာစုမှ မိဘမဲ့ မိန်းမပျိုလေး လယ်သမားမိသားစုရဲ့ အချစ်ခံ နမည်တူတဲ့ ကောင်မလေးရဲ့ခန္ဓာကိုယ်ထဲ အချိန်ခရီးသွားပြီးနောကိ.. မိသားစုရဲ့ နွေးထွေးမှုတွေ ချစ်ခင်မှုတွေကြောင့် သွေးအေးရက်စက်တယ်လို့ သတ်မှတ်ခြင်းခံ...