15

1.2K 151 0
                                    

15.Shopping
Moon LayMarch 16, 2024


ဆိုင်ရှင်ဟောင်က ကိုယ်တိုင်ကိုယ်ကျ ကောင်တာကိုသွားပြီး ငွေစက္ကူများယူပေးလိုက်သည်။ ချီပေါင်၏တောင်းဆိုမှုအတိုင်း ငါးရာ‌ေတးလ် တန် တစ်ရွက် ၊တစ်ရာတေးလ် တန်လေးရွက် ၊နှင့် ကျန်တာကို တစ်ဆယ်တေးလ် တန်ငွေချောင်းများနှင့် လဲလှယ်ပေးလိုက်သည်။

ချီပေါင်က ဆိုင်ရှင်ဟောင်ဆီက ပိုက်ဆံကို ယူလိုက်ပြီး သူမနောက်က ဦးလေးကို မပေးခင် ကျေးဇူးတင်‌ေကြာင်းပြောလိုက်သည်။ ရှုတပေါင်က သူ့လက်ထဲ  ငွေစက္ကူများရောက်လာမှသာ သတိပြန်ဝင်လာပြီး အလျင်အမြန်လက်ထဲ ထည့်သိမ်းလိုက်သည်။



ဆိုင်ရှင်ဟောင်က ပြုံးပြီး " မင်း! ကောင်မလေး မင်းကအရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ ။ ဒီလောက်ငွေတွေအများကြီး ရတာတောင် အတော်လေးကို တည်ငြိမ်နေသေးတယ် ။  ကောင်မလေး နောက်တစ်ကြိမ် ဆေးဖက်ဝင် အပင်တွေရလာရင်လည်းအဘိုး‌ေဟာင်ဆီ ကိုပဲယူလာခဲ့ ။   အဘိုးဟောင်က အကုန်လုံးယူမယ်။



အဘိုးဟောင်ပြောတာကို ချီပေါင်ကြားသောအခါ "ကျေးဇူးးတင်ပါတယ် အဘိုးဟောင်!  နောက်တစ်ကြိမ် အရမ်းကောင်းတဲ့ ဆေးပင်တွေရလာရင်လည်း  အသေအချာကို လီရှန်းဆေးဆိုင်မှာ ရောင်းမှာပါ။ " ဟုပြန်ပြောလိုက်သည်။ ဆေးပင် ရောင်းချပြီးနောက်မှာတော့ မစ္စတာဟောင်ကိုနှုတ်ဆက်လိုက်ကြသည်။သူတို့တူဝကြီးတွေက တံခါးဝကနေ ပြန်ထွက်လာလိုက်ပြီး သူတို့ လမ်းအထိ လမ်းလျောက်လာခဲ့သည်။ သို့သော် သူတို့၏ အိတ်ထဲမှာ တစ်ထောင်တေးလ်  တောင်ရှိ‌ေနသည့် တိုင်အောင် သူတို့နှလုံးက ပြင်းပြင်းခုန်နေဆဲ ဖြစ်သည်။



" ပထမ ဥ‌ီးလေး နှင့် ဒုတိယ ဦးလေး  သမီးတို့မှာ အခု ငွေတွေရှိနေပြီ။ ရာသီဥတုကလည်း ပိုအေးပြီးရင်းအေးလာပြီ။ သမီးတို့မိသားစုအတွက် အထည် တွေဝယ်ချင်တယ်။ ပြီ‌းနောက်  အိမ်ပြန်ရောက်တဲ့ အခါ အမေနဲ့  အဒေါ်တို့ကို အဝတ်အစားချုပ်ခိုင်းရမယ်။အထည်ဆိုင်သွားးပြီး အထည်တွေကြည့်ရအောင်။"မော့ကြည့်ပြီး ပြော လိုက်သည်။ 





ညီအကို နှစ်ယောက်သည် ချီပေါင်ပြောသံကြားမှအသိပြန်ဝင်လာပြီး ချက်ချင်းပြန်ပြောလိုက်သည်။ " ချီပေါင် မှန်တယ် ။ ငါတို့မှာ အခု ပိုက်ဆံရှိနေပြီ။ မိသားစုအတွက် လိုအပ်တာတွေဝယ်ရမည့် အချိန်ပဲ။ ချီပေါင် အခုထိဘာမှမစားရသေးဘူး ။ ဗိုက်ဆာနေပြီလား?။ သွားကြစို့ ! ဦးးလေး သမီးအတွက် အသားဘန်းမုန့် ပေါင်း ဝယ်ကျွေးမယ်။ " ချီပေါင့်ကို ကောက်ချီလိုက်ပြီး အသားဘန်းမုန့်ဆိုင်သို့လမ်းလျောက်သွားခဲ့ သည်။



#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now