33.2

772 80 1
                                    

33. Subdues (2)

အရာအားလုံးပြီးသွားပြီးနောက်၌ ဒုတိယဦးလေးရှုကမေးလိုက်သည်။ " ချီပေါင်  ဒီလူတွေနဲ့ပတ်သက်ပြီးတော့သမီးဘယ်လိုတွေးထားလဲ။

" ဦးလေးရှူ ၊  အဖေ သူတို့ကို နွားလည်းတစီးနဲ့ ရာမာန်ကိုခေါ်သွားပြီး ခရိုင်တရားသူကြီးကို လုပ်ဆောင်ဖို့အတွက် လက်လွှဲပေးလိုက်ပါ။ "

ရှုတပေါင် ကခေါင်းညိတ်ကာလက်ခံလိုက်တယ်။ရှုလောင်စမ်းသည်  နာကျင်မှုကြောင့် မေ့လဲ သွားသော  မျက်နှာဖုံးစွပ်  လူများအားလှည်းပေါ်သို့တင်ထားလိုက်သည်။   ချီပေါင် သည် ထိုလူများ၏ခန္ဓာကိုယ်ကိုရှာဖွေလိုက်ပြီး မတိုင်ခင်အချိန်ကပေးလိုက်သော ငွေတစ်ရာ တေးလ် တန် ငွေလက်မှတ်များနှင့် ငွေ ချောင်း တေးလ် အနည်းငယ်ကိုတွေ့  ရှာတွေ့လိုက်ပြီး အ မျိုးသမီးဝယ်၏ လက်ထဲသို့ထည့်ပေးလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဝါးချင်းထဲရှိသည်များသည်စိုးစိုးရွားရွားပျက်ဆီးခြင်းမရှိ ခဲ့ပေ။ ရှု‌ေလာင်စန်း နှင့်ရှုလောင်အာသည် သူတို့ရဲ့ဦးတည်ရာလမ်းအတိုင်း နွားလှည်းကို မောင်းနှင်သွားကြသည်။


နွားလှည်းပေါ်၌ ဂန်းစတားများရှိနေသောကြောင့်အခြားသူများသည်  နွားလှည်းပေါတွင် ထိုသူများနှင့် အတူထိုင်ရန် မဝံ့ရဲသောကြောင့် နွားလှည်းနောက်မှ လမ်းလျှောက်လိုက်သွားကြသည်။ အမျိုးသမီးများသည် အခုချိန်အထိ ထိတ်လန့်နေကြသေးသည် ။ ချီပေါင်သည် သူတို့အား  ညင်သာစွာနှစ်သိမ့်ပေးနေခဲ့သည်။

ဝမ် ကပြောလိုက်သည်။  "  ချီပေါင်  ဒီအချိန်မှာဖြစ်ခဲ့တဲ့အရာအားလုံးအတွက်သမီးကိုကျေးဇူးတင်ပါတယ်။မဟုတ်ရင်နောက်ဆက်တွဲဆိုးကျိုးတွေကအရမ်းကိုပြင်းထန်လာလိမ့်မယ်။ ငါကသမီးရဲ့ဆရာကိုလည်းပဲကျေးဇူးတင်တယ်။ သူ့ရဲ့သင်ကြားပေးမှုနဲ့သမီးရဲ့ကျွမ်းကျင်မှုညတွေ ကြောင့်သာမဟုတ်ရင်ဒီနေ့အန္တရာယ်ကိုအဘွားတို့လွတ်မြောက်နိုင်လိုက်မှာမဟုတ်ဘူး။ "   အခြားသူများကလည်းကျေးဇူးတင်မှုအပြည့်နဲ့ကျေးဇူးတင်လိုက်ကြသည်။

ချီပေါင်ကပြန်ဖြေလိုက်သည်။  " အဖိုး နှင့် အဖွား, အမေ , ဦးလေး နဲ့ဒုတိယဦးလေး အားလုံးကမိသားစုတွေပဲ။ တဦးနှင့် တစ်ဦး ကျေးဇူးတင်ဖို့မလိုပါဘူး။ ဒါတွေအားလုံးကသမီးလုပ်သင့်တဲ့အရာတွေပါ။အကုန်လုံးကသမီးရဲ့မိသားစုဝင်တွေပဲလေ။တစ်ဦးချင်းဆီက ချီပေါင်အတွက်အရမ်းအရေးပါတယ်။ချီးပေါင့် မှာအားလုံးကို ကာကွယ်ဖို့အတွက် စွမ်းရည်ရှိတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်းကာကွယ်နိုင်ပါတယ်။ ဒါကြောင့်အနာဂတ်မှာသမီးရဲ့လုံခြုံရေးအတွက်မစိုးရိမ်ပါနဲ့။ "

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now