16.Going Home#2
Moon LayMarch 17, 2024အဘွားနှင့် ချွေးမများသည် မီးဖိုချောင်၌ ဟင်းချက်နေရင် ကလေးများအော်သံကြားသောအခါ ပြေးထွက်လာကြသည် ။သူ၏သားကြီးနှစ်ယောက်သည် ချီပေါင့်ကို ပြန်ခေါ်လာတာမြင်မှသာ သူတို့တစ်မနက်လုံးစိုးရိမ်နေရေသာ သူတို့၏နှလုံသားသည် သူတို့၏ ဝမ်းဗိုက်ထဲပြန်ကျသွားခဲ့ရသည်။ (ခုမှအလုံးကျသွားတာ )
အမျိုးးသမီးဝမ်သည် သူမ၏မြေးမလေးကိုမြင်သောအခါ သူမဆီလှမ်းသွားလိုက်ပြီး ချက်ချင်းေပွ့ဖက်လိုက်ကာ အပြုံးလေးနှင့် "ငါ့ရဲ့ အချစ်ဆုံးလေးပေါင်အာ နောက်ဆုံးတော့ပြန်လာပြီ။ အဘွားအခုမှပဲစိတ်သက်သာရာ ရတော့တယ် " ဟုပြောလိုက်သည်။ ပြောပြိီးနောက် ချီပေါင်၏ မျက်နှာလေးကို နမ်းလိုက်သည်။
ချီပေါင်သည် သူမအဘွား ယခုကဲ့သိုပြုမူသည်ကိုမြင်သောအခါ နှလုံးသားထဲက နေ အလွန်နွေးထွေးမှုကိုခံစားလိုက်ရသည်။ ချီပေါင် သည် တခစ်ခစ်ရယ် ကာ သူမအဘွား၏ မျက်နှာကို ကိုင်ပြီးပြန်နမ်းလိုက်သည်။" ချီပေါင် လည်းအဘွားကို လွမ်းနေတာ။ အဘွားကြည့်ပါဦိး။ သမီးပစ္စည်းတွေ အများကြီးဝယ်လာခဲ့တယ် ။ အဘွားပျော်လား "ဟုပြောပြီးနောက် သူမသည် နွားလှည်းအားညွန်ပြလိုက်သည်။
တစ်မိသားစုလုံးသည် လှည်းပေါ်မှပစ္စည်းများကို မြင်သော အခါ စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့ကြသည်။ အကြီးဆုံးအဒါ်က မေးလိုက်သည်။ " ဘာလို့ဒီလောက်အများကြီးဝယ်လာခဲ့တာလဲ။ အများကြီး ကုန်ကျ မှာ ပဲ။ ဟုတ်တယ်မဟုတ်လား " ထို့နောက် သူမသည် လှမ်းသွားလိုက်ပြီး အဝတ်စများကို ထိကြည့်လိုက်သည်။
ဦလေးနှင့်တူမ၏ ပြန်လည်ဖြေကြားခြင်းကို မစောင့် ဘဲ မိသားစု၏ ခေါင်းကိုင်ကြီးသည် (အိမ်ထောင်ဦးစီး) " ပထမဆုံး ဒီအကြောင်းကို မပြောသေးဘဲ ပစ္စည်းတွေကို အိမ်ထဲထည့်ကြ " ကောင်ကလေးများ သူတို့၏ အဘိုးထိုသို့ပြောသည်ကိုကြားသောအခါ သူတို့သယ်နိုင်သည်များကို ကောက်ယူပြီး အိမ်ထဲပြေးဝင်သွားကြသည်။လူကြီးများသည်လည်း ရျွေ့ လို့ပြီး အတူတူ သယ်လိုက်ကြသည်။ ရှုတပေါင် သည် အလုပ်သမားလေးကို ကျေးဇူးတင်လိုက်သည်။ သူ၏ညီလေးကို အလုပ်သမားလေးအားရေတစ်ခွက် ခပ်တိုက်ရန် ညွှန်ကြားလိုက်သည်။အလုပ်သမားလေးသည် ကျေးဇူးတင်ပြီးနောက် နွားလှည်းကို မြို့ဆီသို့ ဦးတည် ကာပြန်လည်မောင်းနှင်သွားခဲ့သည်။
YOU ARE READING
#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)
Fantasyသွေးအေးရက်စက်တယ်လို့နမည်ပေးခံရတဲ့ 21ရာစုမှ မိဘမဲ့ မိန်းမပျိုလေး လယ်သမားမိသားစုရဲ့ အချစ်ခံ နမည်တူတဲ့ ကောင်မလေးရဲ့ခန္ဓာကိုယ်ထဲ အချိန်ခရီးသွားပြီးနောကိ.. မိသားစုရဲ့ နွေးထွေးမှုတွေ ချစ်ခင်မှုတွေကြောင့် သွေးအေးရက်စက်တယ်လို့ သတ်မှတ်ခြင်းခံ...