Unicode
အပင်တွေကြားထဲမှာ ရှိနေသည့် ဖြူလွှလွှ အိပ်ရာကို ကြည့်လိုက်သည်။ စာအုပ်စဉ်သေးသေးလေးလည်းရှိနေကာ တကယ်ကို Green House ထဲမှာ ရှိနေခြင်းကြောင့် အိပ်ချင်စရာတော့ ကောင်းသည်။
Jeon Henry ကိုပြန်ကြည့်လိုက်တော့ ပြုံးကာဖြင့် Taehyung ရဲ့အဖြေကို စောင့်နေသလိုမျိုးရှိသည်။
ချမ်းစိမ့်နေခြင်းကြောင့် Taehyung ရဲ့ အောက်မှေးဖျားလေးဟာ တစ်ခိုက်ခိုက်တုန်သွားတတ်သေးသည်။ မိုးချိန်းသံကြား သူတို့နှစ်ယောက်ရဲ့ အသက်ရှူသံပြင်းပြင်း။
"မဖြေဘဲနဲ့ ဒီလိုဘဲနေ'နေမယ်ဆိုရင် ပိုချမ်းလာမယ်လေ...ဘယ်လိုလုပ်ချင်လဲ...ကိုယ့်ကိုဖြေပါ"
Jeon Henry ပေါ်တွင် အင်္ကျီမရှိနေပင်မဲ့ ရေစက်လေးတွေဟာ ခြောက်ခြင်းလည်း မရှိသလို ရေစိုနေသည့် Taehyung နဲ့ ပွတ်သပ်နေခြင်းကြောင့် Jeon Henry သည်လည်း ချမ်းစိတ်တော့ ရှိသည်။ သို့သော် ပူနွေးနေသည့် ခံစားချက်က ပိုသည်။
"ကိုယ့်စိတ်အတိုင်လုပ်ရမလား...ဒါမှမဟုတ် မင်းဖြေမလား"
"ရှက်တယ်...Jeon Henry...ငါရှက်တယ်"
အမြဲတမ်း အရှက်သည်းတတ်တာကို အခုချိန်မှာ သတိမထားမိနေတာ။ သဘောကျစွာဖြင့် ရယ်လိုက်မိသည်။ အဖြေရှိပင်မဲ့ ပြန်မပေးတာက ရှက်လို့ပေါ့။ Taehyung တို့က အမျိုးမျိုး တတ်နိုင်သေးသည်။
"မျက်လွှာချထားတာ လက်မခံဘူးလို့ ယူဆမယ်...ကိုယ်'ကိုယ်တိုင် အိမ်ကြီးဘက်ကို ပြန်ပို့ပေးမယ်...ကိုယ့်ကို အခုပြန်ကြည့်လိုက်ရင် မင်းလက်ခံတယ်လို့ ယူဆမယ်... အဲ့အိပ်ရာပေါ်ကို မင်းအိပ်စက်ဖို့ခေါ်သွားမယ်...ရွေးကြည့်စမ်း"
မျက်လွှာလေးချထားသည်။ Jeon Henry ရဲ့တွန့်ကွေးနေသည့် နှုတ်ခမ်းပါး။ နှစ်ယောက်လုံးရဲ့ ပူနွေးမှုတွေ။
မျက်လွှာလေးချထားခြင်းမှ တစ်ဖြည်းဖြည်း မျက်ဝန်းလေးဟာ လှုပ်ရှားလာပြီး Jeon Henry နဲ့ အကြည့်ချင်းစုံလာခဲ့တော့သည်။
"ဟား...တကယ်ကွာ..."
လက်ခံလိုက်သည်လေ။ Jeon Henry ကို ကြည့်ကာဖြင့် အပင်တွေကြား အိပ်စက်ဖို့ လက်ခံလိုက်သည်။