အပိုင်း (၃)

5.4K 267 14
                                    

Unicode

လူဘုန်းသန့်ဘာ‌အကြောင်းကြောင့် ဒီရပ် ကွက်ထဲရောက်လာတယ်ဆိုတာ ဟေသာ တကယ်သိချင်နေဆဲဖြစ်သည်။

" ရော့ "

ရစ်သီရစ်သီလုပ်နေဆဲဖြစ်တဲ့ ဟေသာ့ကို လူဘုန်းသန့် က‌ဖောက်ပြီးသားအအေးဘူးကို လက်ကမ်းပေးလာသည်မို့ ဟေသာ စပ်စုဖို့ရာ အခြေနေကောင်းသွားပြီဟု ပြဟန်ရှိသည်။

ဟေသာ ဖောက်ပေးထားတဲ့ အအေးဘူးကိုလက်ကမ်းယူပြီးနောက် ... လူဘုန်းသန့်ရှိရာ ဘေးခုံသို့ ဝင်ထိုင်လိုက်သည်။

" နင်ဒီကိုဘာလာလုပ်တာလဲ "

" အိမ်ပြောင်းလာတာ "

" အိမ်ပြောင်းလာတာ?... ကျောင်းနဲ့အဝေးကြီးဒီရပ်ကွက်ထိလေ "

" အေးလေ "

" နင့်အတွက်လေ့ကျင့်ရေးကွင်းလည်းမရှိဘူးလေ ဒီမှာ "

" စက်ဘီးရှိတယ်လေ ... BUS တွေလည်းရှိတယ်လေဟာ ... ဘာတွေရူးနေတာလဲ ဟေသာ "

လူဘုန်းသန့်က ဟေသာ့အားဘာတွေအရူး‌ထနေတာလဲဆိုတဲ့ အကြည့်‌နဲ့ကြည့်လာသည်။
ဒီလိုအကြည့်ခံလိုက်ရတော့လည်းဟုတ်သား ... သူ့ဘာသာသူ ဘာကြောင့်ဘဲပြောင်းလာပြောင်းလာ ဘာဘဲလုပ်လုပ် ကိုယ်နဲ့ဆိုင်လို့လား။

ဟေသာဆက်မမေးဝောာ့ဘဲ ... ခုနကပေးလာတဲ့ အအေးဘူးကိုသာမော့သောက်လိုက်သည်။

" နင်နဲ့ထွဋ်ပြည့်လျှံနဲ့ ကဘာတွေလဲ "

" ဘာကိုလဲ "

" နင် သူ့အကြောင်း comments တွေဖတ်နေတာ ဘာလဲ တစ်ပတ်တွဲမလို့လား "

လူဘုန်းသန့်က ဟေသာ့ ဖုန်း screen မှာပေါ်နေသည့် ခုနက ဟေသာ ဝင်ဖတ်မိနေတဲ့ comments တွေရှိရာစီ မျက်စိပစ်ပြရင်းပြော‌လာသည်။

" ရူးနေလို့သူ့ကိုကြိုက်ရမှာလား!! "

" အင်း ... နင်သူ့ကိုမကြိုက်ဘူးဆိုရင်တော့ နင်မရူးသေးလို့ဘဲဆိုတာ ငါလက်ခံပါ
တယ် "

" ဖြစ်ရသေး "

ဆိုင်ထဲဝင်လာနေတဲ့ ထူးပြည့်ဝက လူဘုန်းသန့်ကိုမြင်သည်နဲ့ မျက်နှာမှာအပြုံးအပြည့်များစွာဖြင့်ဖြစ်သည်။ ပြုံးနေတာမှ ပြူးလို့။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now