အပိုင်း (၃၂)

5.3K 348 20
                                    

Unicode

ရည်းစားတွေပါဆိုတဲ့ အစဦးအချိန်အပိုင်းအခြားလေးမှာ ... လူဘုန်းသန့်က ဟေသာ့ကိုကျူရှင်ကိုတောင်ရအောင်လိုက်ပို့တတ်သည် သာမက ကန်တင်းကအချိန်တွေမှာပါ အမြဲအနားကိုရောက်လာတတ်သည်။ ထူးပြည့်ဝ ရှိနေတာမို့ မသိချင်ယောင်ဆောင်နေရမှာကိုသိတာတောင် လူဘုန်းသန့်က ဟေသာ့နား ရှိနေတာမျိုးဖြစ်သည်။

အခုလည်း ကျူရှင်ကအပြန်၊ လူဘုန်းသန့်ကိုကျူရှင်ရှေ့မှာတွေ့လိုက်ရသည်။ ကျောင်းဝတ်စုံ မဟုတ်တဲ့ သူတို့ club အသင်းရဲ့၊training ဝတ်စုံနဲ့စောင့်နေတဲ့သူ့ကိုမြင်တော့ ဘေးက မယ်ရီက ဟေသာ့ကိုတံတောင်နဲ့တွတ်လာသည်။

" သားကြီး မင်းဘယ်လိုရောက်လာတာလဲ "

လူဘုန်းသန့်ကိုတွေ့တာနဲ့ မှိုရသလိုမျက်နှာဖြစ်သွားတဲ့ ထူးပြည့်ဝက ဟေသာ့ထက်ပိုပြီးပျော်သွားတဲ့ပံုပင်။

" တစ်ခုခုသွားစားဖို့လေ ... ရောက်လာတာ "

သူက ဟေသာ ကိုကြည့်ရင်းပြောလာတာမို့၊ ဟေသာ မျက်လုံးချင်းထပ်မဆုံမိသွားအောင်၊မျက်လုံးတွေကိုဝေ့ဝိုက်ရင်း ကစားမိလိုက်သည်။

" ဟိုကောင် ဟိန်းသရောမခေါ်လိုက်ဘူးလား "

" မင်းကောင်ကိုခေါ်ထားတယ်၊ ခဏနေ ရောက်လာလိမ့်မယ် "

" ဘာစားမလဲ၊ ဘာစားကြရင်ကောင်းမလဲ လူစုံတုန်းလေး "

" မိုးချုပ်နေပြီဆိုတော့ ဘာစားမှာလဲ၊ဗိုက်ပြည့်တာဘဲတစ်ခါထဲစားသွားရအောင် "

" ဒါဆို ဟိုဘက်လမ်းမှာ ဘဲကင်၊ကြက်ကင်ဆိုင်ရှိတယ်၊အဲ့ဆိုင်က ဆယ့်နှစ်မျိုးဟင်းချိုးလည်းကောင်းတယ် အဲ့ဘဲသွားရအောင် "

" အင်း ... သွားလေ "

ဟေသာ နဲ့ လူဘုန်းသန့်ရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီးနောက် လူဘုန်းသန့်ရဲ့ ခိုးခိုးကြည့်နေတဲ့အကြည့်တို့ကို သတိထားမိသွားတဲ့ မယ်ရီကအကြံတစ်ခုကို ချက်ချင်းပင်ရှာဖွေရတော့သည်။ မယ်ရီ
သိသလောက် ဒီနှစ်ယောက် ကျောင်းချိန်ဆိုလည်း စာသင်ခန်းထဲမှာမို့ တစ်ယောက်နဲ့တစ်ယောက်ခိုးကြည့်နေတာကသာ အချိန်ပြည့်ဖြစ်သည်။ ကျောင်းတက်၊ကျောင်းဆင်းချိန် မှာလည်း ထူးပြည့်ဝ ကအမြဲတစေအနားမှာ။ တစ်ခုခုတော့ မယ်ရီ အားထုတ်ရဖို့ရှိလာသည်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now