အပိုင်း (၁၅)

4.3K 252 15
                                    

Unicode

စာသင်ခန်း‌ရှေ့ ကော်ရစ်ဒါလျှောက်လမ်း တွင်ဖြစ်သည်။လက်ထဲမှာလည်း ဟေသာနဲ့အတူပါနေကျဖြစ်တဲ့ရေဘူးရယ်၊ လိုအပ်တဲ့စာအုပ်တွေနဲ့သာဖြစ်သည်။ ဟေသာ‌ဟိုဖက်က စာသင်‌ ဆောင်မှာကျောင်းတွင်း project တစ်ခုအတွက် အခြားအခန်းကကျောင်းသားတွေနဲ့အတူ discuss တို့လုပ်ပြီးနောက်၊ဒီဘက်စာ သင်ဆောင်သို့ပြန်လာခြင်းဖြစ် သည်။

ဒီနေ့တော့မိုးရွာနေတာမို့၊နည်းနည်းတော့အေးစိမ့်စိမ့်လေးဖြစ်နေသည်။

" ဟေသာ "

ရှေ့ဘက်ကနေတည့်တည့်ကြီးပင် ဟေသာ့ဆီသို့ ပြေးလာနေတဲ့ မယ်ရီဒီရက်တွေထဲ
အရင်ကနဲ့မတူတော့ပေ။ အရင်ကမယ်ရီကအလှအပကြိုက်တယ်ဆိုပေမယ့်အခုလောက်တော့မဟုတ် ... အခုကအရင်ကထက်လှသွေးကြွယ်ကာ ပိုလှလာသည်လို့ခံစားရတာဖြစ်သည်။မဟုတ်မှ ... ဒီကောင်မလေး ဟိန်းသကြောင့်များပိုထင်ပေါ်ချင်လာတာလား။

" ဘာလဲ "

" ပြန်လာတာလား ... နင်တို့ discuss ကပြီးသွားတာလား "

" အင်း ... ဒီနေ့တော့ဒီလောက်ဘဲ‌ပေါ့၊ နင်ရောအခန်းထဲမှာမနေဘဲ ဘာထွက်လုပ်တာလဲ "

ဟေသာမေးလိုက်တော့ မယ်ရီကဟိုကြည့်၊
ဒီကြည့်လုပ်ကာ ဟေသာ့ လက်မောင်းအားဆွဲရင်းအနားသို့ကပ်လာခဲ့သည်။

" ငါနဲ့ခဏလိုက်ခဲ့ "

" ဘယ်ကိုလဲ ... ငါအခုမှပြန်လာတာအခန်းထဲတောင်မဝင်ရသေးဘူးလေ "

" ခဏလိုက်ခဲ့ပါ ... အားကစားရုံဘက်ကိုခဏလေးသွားဖို့ "

" ဘာသွားလုပ်မှာလဲပျင်းစရာကြီး ... ခဏနေရင်အတန်းချိန်ရှိသေးတယ်မလား အခန်းထဲဘဲဝင်ရအောင်ပါဟာ "

" ဟာ ... ခဏလေးဘဲသွားရအောင်လို့ဆို၊ ဟေသာကလည်းလုပ်ပါ "

ဟေသာတစ်ယောက်ဘေးကနေလက်မောင်း ကိုဆွဲလမ်းယားလမ်းလုပ်နေတဲ့ မယ်ရီ့ကို ကြည့်မိသည်။ သမင်မျက်ဝန်းလှလှလေး‌ တွေကဟေသာ့အား ချစ်စရာကောင်းအောင်ပြောနေသည်။

" ပြော ... နင်ကဘာသွားလုပ်မှာလဲ "

" ခဏလေးလေ ... သွားကြည့်ဖို့ဘာလုပ်နေကြလဲဆိုတာ "

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now