အပိုင်း (၄)

4.8K 243 7
                                    

Unicode

မိုရာသီမှာနေသာတဲ့နေ့တစ်နေ့ ...ဒီနေ့တော့ထီးထိုးရင်ပေါက်တော့မှာဘဲ .... ။

" ဟေသာ ... တေး‌ဟေသာထွန်း... "

ခြံရှေ့ကထူးပြည့်ဝရဲ့အော်သံကိုကြားလိုက်ရတာမို့ ဟေသာ တစ်ယောက်ဧည့်ခန်းကနာရီ ကိုလှမ်းကြည့်လိုက်တော့ 7 နာရီခွဲပြီမို့
ဟေသာလည်းလက်ထဲက စတော်ဘယ်ရီယိုသုတ်ထားတဲ့ပါမုန့်နှစ်ချက်ကိုပါးစပ်ထဲအားရ၊ပါးရထိုးထည့်လိုက်တော့သည်။

တနင်္လာနေ့ကျောင်းပြန်တက်ရပြီဆို လူမှာဂယက်ပေါင်း သောင်းခြောက်ထောင်နဲ့။

" ဟေသာ မြန်မြန်လုပ်လေဟာ ... နင်လုပ်နေတာနဲ့ ကားနောက်ကျတော့မယ် "

" ဟဲ့ ... ဖြည်းဖြည်းစားပါဟဲ့ နင်ကုန်မှ "

အိမ်ရှေ့ကနေ လှမ်းအော်နေတဲ့ထူးပြည့်ဝကိုလက်လှမ်းပြထားလို့၊ အိမ်ထဲကနေသူ့ကိုလှမ်း‌ပြောလာတဲ့ မေမေ့ကိုလည်း နားလည်ကြောင်း ခေါင်းညှိတ်ပြရသေးသည်။

" ဟေသာ ... နင့်‌မောင်ကိုရော နှိုးခဲ့လား "

အမေဖြစ်သူ သတိပေးမှကုတင်ပေါ်မှာခြေ ကားယားလက်ကားယား အိပ်ပျော်နေဆဲဖြစ်တဲ့‌မောင်ဖြစ်သူကို ဟေသာ သတိရမိသည်။

" နှိုး ... နှိုးထားလား မနှိုးခဲ့တာလားမသေ ချာတော့ဘူး မေရယ် "

ဖိနပ်စီးနေရင်းမှ လှမ်းပြောလိုက်တော့
ဟေသာ ကာရံကိုဝင်နှိုးဖို့မေ့သွားခဲ့တာဖြစ် သည်။ ‌

" နင်ကတော့လေ ... အဲ့ကောင်လေးက အိပ်ပုတ်ကြီးတာနဲ့ ကျောင်းတော့နောက်ကျတော့မှာဘဲ ပြီးရင်လည်း ကျောင်းနောက်ကျပြီဆိုပြီးအာပြဲကြီးနဲ့ငိုအုန်းမယ်... "

" မေရယ် အဲ့တော့လည်းဗိုက်ထဲပြန်ထည့်လိုက်ပေါ့ "

" နင်ဟာလေးက သေးသေးလေးဆိုတော့ "

မေမေ ပြောမှဟေသာပြန်တွေးကြည့်မိတော့ မေမေ့ရဲ့သား အငယ်ကောင်က တစ်နင့်တစ်ခဲကြီးဖြစ်သည်။ မေမေသူ့သားကိုပြန်ထည့်ဖို့ဆိုတာမလွယ်လောက်ပေ ... ပြန်ထည့်နေရင်းမှ သတိမေ့သွားလောက်နိုင်သည်။

" နွားနို့သောက်ပြီးပြီလား "

" ဟာ ... ‌မေ့သွားတာမသောက်ရသေးဘူး "

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now