အပိုင်း (၁၂)

3.7K 211 8
                                    

Unicode

club အသင်းရဲ့အဆောက်အအုံအပြင်ဘက်နားတွင်ဖြစ်သည်။ မနက်ပိုင်း club training လာဆင်းပြီးနောက်အိမ်ပြန်ဖို့ရာ လူဘုန်းသန့်တစ်ယောက် ကားမှတ်တိုင်သို့သွားနေခြင်းဖြစ်သည်။ ဝေရီဝေလင်းအချိန်ထဲကပင် club ကသူတို့ကစားသမားတွေကိုတစ်ခုပြီးတစ်ခု training ဆင်းခိုင်းရင်းတစ်ဖွဲ့လုံးကို   မောင်းနေတာဖြစ်သည်။ ထို့အပြင် ပြင်းထန်တဲ့ ကစားပွဲတစ်ခု‌ကြောင့်အနည်းငယ်မောဟိုက်နေသူ ... အခုနကမှ လူဘုန်းသန့် စီနီယာတွေနဲ့တစ်ပွဲတစ်လှမ်းနွှဲလာခဲ့ခြင်းသာဖြစ်သည်။ ချွေးတွေ‌ဆို့နင့်နေတဲ့ သူ့နှာဖူးထက်မှာသူ့ဆံပင်နက်နက်တွေက အချောင်းလိုက်လေးတွေဖြစ်နေသည်။

တစ်ဖန်အနက်ရောင် wristband ကိုဝတ်ဆင်ထားတဲ့သူ့ညာဘက်လက်ထဲက မိုင်လိုဘူး‌။ အမောပြေ မိုင်လိုဘူးပိုက်လေးက သူ့နှုတ် ခမ်းဝတွင်သာဖြစ်သည်။‌ခြေလှမ်းတွေကိုစိတ်မပါစွာလျှောက်လမ်းနေတဲ့လူဘုန်းသန့်၊ သူ့အင်အားတွေ ပြန်လည်ဖြည့်တင်းဖို့ရာလိုနေတာဖြစ်သည်။

" လူဘုန်းသန့် ... ရော့ "

အနောက်ကနေအမှီရောက်လာတဲ့ စီနီယာအကို၊ သူ့နာမည်ကိုလှမ်းခေါ်ရင်းပစ်တင်ပေးလာတဲ့ မျက်နှာသုတ်သဘတ်လေးကသူ့‌ ခေါင်းပေါ်တွင်ဖြစ်သည်။ ထိုပစ်တင်ပေးလာတဲ့ မျက်နှာသုတ်သဘတ်လေး ပြန်မလျှော်ကျသွားအောင်လို့ရာ၊ ခေါင်းပေါ်ကထိုသဘတ်ကိုသူ့လက်ချောင်းရှည်တွေနဲ့ထိန်းထားလိုက်ရသည်။ တကယ်ကိုလျှပ်တပြတ်အခြေနေတွင်ဖြစ်သည်။

" မင်း ... ချွေးဒီးဒီးကျနေတာသဘတ်နဲ့သုတ်လိုက်၊ မတော်လို့ ... ငါတို့အနာဂတ်ကြယ်ပွင့်လေးကို နည်းနည်းလေးတောင် အထိခိုက်ခံလိုက်မဖြစ်ဖူးဘူး "

လူဘုန်းသန့်တစ်ယောက် စီနီယာရဲ့ခပ်ရွှတ်ရွှတ်စကားကိုခေါင်းတစ်ချက်ခါပြီးနောက် သူပြန်မေးလိုက်သည်။

" သဘတ်ကသုံးပြီးသားကြီးလား "

" ဒီကောင်ကတော့ ... အသစ်ကွမင်းမှာမပါ လာမှန်းသိလို့ပေးတာကို၊အခုဘဲ နည်းပြအခန်းထဲက 'မ' လာတာ မသုတ်ရင်လည်းပြန်ပေး "

" နည်းပြက sponsor တံဆိပ်တွေကိုကြော် ငြာခိုင်းနေပြီလား ကိုထိုက် "

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now