အပိုင်း (၁၉)

4.8K 267 16
                                    


Unicode

ကျောင်းဝန်းထဲ လမ်းလျှောက်ဝင်လာတော့  စိတ်ကနည်းနည်းလေး‌တော့ရွှင်လာတာဖြစ်သည်။

SUNDAY ကကစားတဲ့လူဘုန်းသန့်ရဲ့ကစားပွဲ က ဘယ်လိုပြီးသွားခဲ့လဲဆိုတာကိုတော့ သတင်းမကြားရသေးတာဖြစ်သည်။ဟေသာ ထိုနေ့ကပွဲမစခင် လူဘုန်းသန့်ဆီက reply ကိုလက်ခံရရှိခဲ့ပေမယ့်၊ ပွဲပြီးတော့မည်သည့်စာမှလက်ခံမရှိတော့တာဖြစ်သည်။ ရှုံးသွားလားနိုင်သွားလားဆိုတာ မသိနိုင်တဲ့အခြေနေမှာဟေသာဘက်ကတော့ သူငယ်ချင်းတစ်ယောက်ပီသစွာမေးထားခဲ့ခြင်းဖြစ် သည်။

လူဘုန်းသန့်ဆီကတော့ reply ကိုဟေသာ
ပြန်မရသေးတာဖြစ်သည်။ မနက်ကကျောင်းမသွားခင် လမ်းကွေ့လေးနားကိုသွားကြည့်သေးတော့ ခြံတံခါးကသော့ခတ်ထားဆဲဖြစ် တာဖြစ်သည်။ ထူးပြည့်ဝကို တစ်ချက်မေးကြည့်တော့လည်း လူဘုန်းသန့်က ပွဲမစခင်က ဒီနေ့တနင်္လာနေ့ကိုသူကျောင်းလာဖို့မသေချာဘူးလို့သာစာပို့ထားသည်တဲ့၊ ပွဲပြီးတော့ ဖုန်းဆက်ကြည့်တော့ ဖုန်းပိတ်ထားတာဖြစ်သည်။ ထူးပြည့်ဝကတော့ပြောလာသည် သူ့သူငယ်ချင်းက တကူးတကဖုန်းဆက်စရာမလိုဘူးတဲ့၊ ဒီ‌ကောင်လုလုအကြောင်းကိုသူသိတယ်တဲ့လေ။

‌ကျောင်းကန်တင်းထဲက ကော်ဖီဆိုင်ဆိုင်တွင်ဖြစ်သည်။ ကျောင်းမတတ်သေးတာမို့ စာ သင်ခန်းကလွဲ ကျောင်းဝင်းထဲမှာကျောင်း သားတွေ ပလူပျံနေတာသာဖြစ်သည်။ကော် ဖီမှာထားရင်း မယ်ရီနဲ့‌ဟေသာအပြင်အတန်း ခေါင်းဆောင်ကလည်းအတူရှိနေတာဖြစ် သည်။

" အဲ့တာမှန်းသိရင်ငါအဲ့နေ့ကမယူခိုင်းပါဘူး၊မယ်ရီပြောတယ် ကျူရှင်ကပြန်တော့အဲ့နေ့က နင်ကျောပိုးအိတ်တောင် မလွယ်လိုက်နိုင်ဘူးဆို "

" အင်း ... နည်းနည်းဒဏ်ရသွားတဲ့သဘောပါ၊ အခုတော့သက်သာသွားပါပြီငါကတောင် teacher ကနင့်ကိုဆူမှာစိုးရိမ်နေတာ "

" မဆူပါဘူး။ထွဋ်ပြည့်လျှံကအဲ့အမျိုးအစားမျိုးထက် ပို‌ကောင်းတယ်ဆိုတဲ့ဟာလားမသိဘူး၊ တစ်လုံးဝယ်ပေးလိုက်တယ်တဲ့ "

" အင်း "

သုံးယောက်သား စကားပြောနေကြရင်းမှ၊သူတို့နားက ကော်ဖီဆိုင်မှာရုတ်ရုတ်ဖြစ်လာတဲ့ကျောင်းသားတွေ၊ ဒီကျောင်းကတစ်ခုခုဆိုအရမ်းဂယက်ထတတ်တာဖြစ်သည်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now