အပိုင်း (၂)

6.3K 242 4
                                    

Unicode

ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်တာမို့ ဟေသာ ‌နည်းနည်းလောက်တော့ အိပ်ရာထဲထပ်ကွေးနေလို့အဆင်ပြေမည်ထင်သည်။

ပိတ်ရက်ဖြစ်ပေမယ့်လည်း ဒီနေ့တစ်နေ့လုံးအဖို့ တာဝန်အချိန်ဇယားတွေကသူ့ဘာသာသူလည်ပတ်နေဆဲဖြစ်သည်။ မနက်ပိုင်း
ကျူရှင်ချိန် နှစ်ချိန်သွားရမည် ... ပြီးလျှင် နေ့ခင်းဘက်ကျ ဟေသာ ထူးပြည့်ဝနဲ့အတူဒေါ်ဒေါ်ငယ့်ဆိုင်ကို ခဏကူထိုင်ပေးရဖို့ရှိသည်။ ဒေါ်ဒေါ်ငယ်က သူ့သားထူးပြည့်ဝ
တစ်ယောက်ထဲစိတ်မချသည်မို့ ဟေသာက ပါ ဝင်ကူပေးရခြင်းဖြစ်သည်။

ကုတင်ပေါ်မှာကွေးနေရင်း အခန်းရဲ့ပြတင်း ပေါက်‌ကနေတစ်ဆင့်မြင်နေရသည့် အရှေ့ရပ်က နေရောင်ခြည်နွေးနွေးတို့ကို သဘော ကျစွာ စိုက်ကြည့်နေမိသည် ... ဒီနေ့မနက်တော့ မိုးမရွာသေးပေ ... ကျူရှင်ကိုအေး အေးဆေးသွားလို့ရမည်ဖြစ်သည်။

" ဟဲ့ကလေးတွေ ... "

အောက်ထပ်က မေမေ့ရဲ့လှမ်းအော်သံမှာ ဟေသာ ရဲ့တွေးနေမိတဲ့ စိတ်ကူးယဉ်ဇာတ်ခန်းလေးလည်း တစ်ခန်းရပ်ခဲ့ရသည်။

" အပေါ်ကနှစ်‌ယောက် နိုးနေရင်လည်းထတော့ "

ဟေသာ ကအိပ်ရာနိုးပါလျက်နဲ့ ထမလာ သေးတာဖြစ်ပြီး၊ ဘေးအခန်းက အငယ်ကောင်ဖြစ်သူကတော့လုံးလုံးမှမနိုးလာသေး တာဖြစ်သည်။

ဟေသာထပ်ပြီးသာအပျင်းထူနေလျှင်အခြေ နေမဟန်‌တာကြောင့် ခြေလက်၊မျက်နှာသစ်ဖို့ရာခပ်သွက်သွက်ပြင်လိုက်တော့သည်။

လှေကားထစ်တွေကနေတစ်ဆင့် ပြေးဆင်းလာတဲ့ ဟေသာ ရဲ့ခြေလှမ်းတို့ဦးတည်ရာက မေမေ့ရဲ့မီးဖိုချောင်စီဖြစ်သည်။မေမေက ပိတ်ရက်တွေဆို ဟေသာ တို့ကြိုက်တတ်တာတွေကိုသာဦးစားပေးလုပ်ပေးတတ် သည်။

" မေမေ ... "

ဟေသာ့အသံကြားတော့ မေမေက *စားဖို့လာပြီ* ဆိုတဲ့အကြည့်နဲ့ကြည့်လာသည်။

"‌ မေမေ ... ဖေကြီးရော "

" ကျောင်းသွားတယ်လေ ... ဒီနေ့သူ့ကျောင်းမှာအစည်းဝေးရှိလို့တဲ့ "

စနေနေ့တောင်မနားရတဲ့ အဖေ ဖြစ်သူကို ဟေသာ ကိုယ်ချင်းစာမိသည်။ဟိုးစကား ပြောတတ်ကာစအရွယ်ထဲကစာသင်၊စာဖတ်ကြီးပြင်းလာခဲ့ရပြီး၊ အခုလူကြီးဖြစ်လာတော့လဲ မနားရတဲ့အပြင် လူတွေကိုစာပြန်သင်ပေးရတဲ့ပုဂ္ဂိုလ်ဖြစ်လာပြန်ရော။ဖေကြီး မှ ငြီးငွေ့ဖို့မကောင်းရင် ဘယ်သူငြီးငွေ့နိုင်မလဲ။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now