အပိုင်း (၁၀)

4K 204 7
                                    

Unicode

ဟေသာတို့ flim class ကအနည်းငယ်လူရှင်းသည်၊ ကျောင်းသားတွေက အခြားခန်းဖြစ်ကြပေမယ့် နှောင့်ယှက်မယ့်သူမရှိဘဲကိုယ်စီအာရုံ‌တွေနဲ့ဖြစ်သည်။ပေါ်ပင်သမားတွေ၊အာဝါဒါးသမားတွေမရှိတာက ဒီ class ရဲ့အားသာချက်လို့ဆိုရမလားဘဲ။ ဟေသာက စတုတ္ထတန်းရဲ့ ထောင့်ဘက်မှာထိုင်နေခြင်းဖြစ်သည်။ ရှေ့ကကမ်းပေးလာတဲ့ စာရွက်မှာအတန်းတက်လက် မှတ်ကိုထိုးလိုက်ပြီးနောက် ... ကျောပိုးအိတ်ထဲကနားကြပ်နဲ့ဖုန်းကိုထုတ်လိုက်ကာ၊အတန်းမစခင်လေးခဏလောက် SNS သုံးနေခြင်းဖြစ် သည်။

ထိုအချိန် ဟေသာ့ရဲ့ကျောဘက်သို့သေးငယ်တဲ့အရာလေးဖြစ်နိုင်သည့် တစ်စုံတစ်ခုနဲ့ပေါက်ခံလိုက်ရတာဖြစ်သည်။သူတို့အတန်းထဲ ဒီလိုလက်ဆော့တတ်တဲ့လူမရှိတာမို့ဘယ်သူများလဲ၊ မဝောာ်တဆများဖြစ်နေမလားဟေသာအနောက်ဘက်သို့လှည့်ကြည့်လိုက်တော့ ...

" လူဘုန်းသန့် "

နောက်ဆုံးခုံတန်းထဲ ဝင်ထိုင်နေတဲ့ လူဘုန်းသန့်နဲ့အတူ သူ့သူငယ်ချင်း‌တွေဖြစ်သည့် အားကစားသမားတွေဖြစ်သည်။ မရှိဘူးဆို 5 ယောက်လောက်ရှိမည် ... သူတို့တွေဒီအတန်းကိုတစ်ခါမှ join တာမျိုးမတွေ့ဖူးပေ၊ ဟေသာ့ကို မျက်ခုံးပင့်ပြရင်းပြုံးပြနေတဲ့
လူဘုန်းသန့်ဆိုပိုဆိုးဖြစ်သည်၊သူ activities class တွေ joinတယ်ဆိုတာထက်၊ ကျောင်းတောင်မှအတက်မမှန်တဲ့သူက ဘယ်လိုဒီအတန်းကိုရောက်လာလည်းမသိပေ။

ဘေးက ဟိန်းသ အပါဝင်အခြားကလေးကတွေကလည်းခပ်တည်တည်နဲ့ပင်ဖြစ်သည်။

" ရေဘူး ... ရေဘူး "

သူတို့ကိုလှည့်ကြည့်နေတဲ့ ဟေသာ့ကိုရေဘူးလှမ်းတောင်းလာတဲ့ ဟိန်းသကို ဟေသာ ရေဘူး ကမ်းပေးရင်းမေးလိုက်သည်။

" ဘာလာလုပ်တာလဲ ... နင်တို့ကဒီအတန်းတက်ဖူးလို့လား "

" မတက်ဖူးဘူးလေ "

" ဒါဆိုဘာလာလုပ်ကြတာလဲ "

စတုတ္တထတန်းက ဟေသာက နောက်ဆုံးတန်းကသူတို့ရှိရာဘက်ဆီ လှည့်လို့စကားလှမ်းများနေခြင်းဖြစ်သည်။

" ငါတို့ပျင်းလို့ရောက်လာတာ ... အားကစားခန်းမှာသိတဲ့အတိုင်းဘဲ ဒီအချိန်ဆို အားက စားသမားစစ်ကြီးတွေကစားနေကြလို့၊ ငါတို့လိုအတုယောင်လေးတွေက နေရာပျောက်နေတာ "

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now