အပိုင်း (၂၂)

3.7K 231 10
                                    

Unicode

တစ်ပတ်လုံး မိုးကောင်းမလားတောင်ထင်ရတယ် ... အခုကျောင်းသွားချိန်မှာတောင်
မိုးရာသီကအုံ့စိုင်းနေခဲ့တာဖြစ်သည်။
သုံးယောက်သား BUS ကားဂိတ်မှာရပ်စောင့်နေရင်း၊ ‌tablet တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့နှစ်ယောက်က ဟေသာနဲ့လူဘုန်းသန့်တို့ဖြစ်  သည်။မနေ့ညကဟေသာ့ mailကိုထိုင်စောင့် ရင်းမှ သူအိပ်ပျော်သွားတာပါတဲ့ ... တမင်ဝင်မကြည့်တာများလားလို့ သံသယဝင်မိပေမယ့်၊ ကွဲပြဲနေတဲ့သူ့မျက်နှာကဘယ်လောက်ထိအိပ်ရေးဝနေလဲဆိုတာ သံသယဝင်စရာ
မကောင်းတော့ပေ။

" ဒီ reason ကလိုလို့လား "

" လိုတယ်လေ ... အဲ့ reason ကိုနောက် page မှာရှင်းပြထားတယ်လေ၊အဲ့တာကြောင့်ညထဲကကြည့်မထားဘဲနဲ့ "

သူတို့အခန်းမှာ project မရှိသေးတဲ့ထူးပြည့်ဝကတော့စိတ်အေးလက်အေး၊ ဖုန်းတောင်ထိုင်ကြည့်နေနိုင်သေးတာဖြစ်သည်။

" မိုးအေးအေးနဲ့ အိပ်ပျော်သွားတာကို "

" ဟုတ်ရောဟုတ်ရဲ့လား နင် ... "

" ဟေသာရယ် ... ဒီကောင်ဒီပြင့်reason ပေး ရင်သံသယဝင်လို့ရပေမယ့်၊ အိပ်ပျော်သွားတယ်ဆို အဲ့တာတကယ်မို့လို့ဘဲ၊လုလုကလေ ကျောင်းအုပ်ရုံးခန်းမှာတောင် ဆယ်မိနစ်ရရင် ဆယ်မိနစ် ထိုးအိပ်တဲ့ကောင်၊ အိပ်တဲ့တစ်ပေါက်နဲ့ပတ်သတ်ရင် အားပါးပါးစိတ်ချမလိမ်လောက်ဘူး "

ဒါကတော့မသိမသာလေးယုံချင်စရာကောင်းပါတယ်၊ အရင်က ရှားရှားပါးပါးကျောင်းလာတဲ့နေ့တွေဆို ဟိန်းသနဲ့စကားပြောတဲ့တစ်ချိန်ဘဲ သူခေါင်းထောင်လာတတ်ပြီး ကျန်တဲ့အချိန်က ခုံပေါ်ခေါင်းချထားတတ်တာများတာဖြစ်သည်။

ဝေ့ဝိုက်နေတဲ့ မိုးနံ့‌တို့ထက်၊ပိုပြီးယစ်မူးစေတဲ့ရနံ့တစ်ခု ... ဒီရနံ့သူ့ဘေးနားကဖျာထွက်လာတဲ့ ဟေသာ့ ဆီကရနံ့လေးတစ်ခုဖြစ်သည်။ ရေမွှေးဘဲသုံးထားတာလား ... နဂိုရှိရင်းတိုင်းကိုယ်သင်းနံ့လေးများလားဆိုတာ မသဲကွဲပေမယ့်၊သူတကယ် ထိုရနံ့လေးကိုသဘောကျမိသွားတာဖြစ်သည်။

" နင်‌ ... ငါပြောတာကြားရဲ့လား "

tablet ပေါ်အာရုံစူးစိုက်ရင်းမှပြောလာတဲ့ထိုအသံလေးထက်၊ မျက်နှာပေါ်ဖျာကျနေတဲ့ဆံပင်တွေကို သူသပ်တင်ပေးမိချင်တာဖြစ်  သည်။ ဒီလိုလေးများသူသပ်တင်ပေးခွင့်ရှိခဲ့လျှင်၊ ကြည်ရှင်းနေတဲ့ပါးမို့မို့လေးမှာ ဆံပင်တွေလာနှောင့်ယှက်ပိုင်ခွင့်ရှိတော့မှာမဟုတ်ပေ။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now