အပိုင်း (၂၄)

3.6K 239 20
                                    

Unicode

အတန်းထဲ လှုပ်လှုပ်ရွရွဖြစ်နေကြတဲ့ကျောင်းသားတွေကခဏနေစတင်တော့မယ့် ကျောင်းတွင်း လစဥ်အပျော်တမ်းဘောလုံးပွဲအတွက်လှုပ်လှုပ်ရွ‌ဖြစ်နေကြတာဖြစ်သည်။ သုံးလတစ်ခါကျင်းပလေ့ရှိတဲ့ ထိုပြိုင်ပွဲကအခန်းတိုင်းက‌ကျောင်းသားတွေကိုအားတက်သရော်ဖြစ်စေတာဖြစ်သည်။ အခုလည်းဆူပူထကြွနေကြတာ ဟေသာတော့ခေါင်းမူးလာတာဖြစ်သည်။

စာသင်ခန်းသုံးခန်းပေါင်းကိုမှတစ်သင်းအဖြစ်အ‌ခြေခံအားဖြင့်သတ်မှတ်ထားခြင်းဖြစ်သည်။ ထိုအခန်းသုံးခန်းစီကမှတစ်ခန်းစီရဲ့ကိုယ်စားပြုကျောင်းသားတွေကို teamတစ် ခုအဖြစ်ပေါင်းစည်းထားတာမို့ ‌ပိုပြီးတော့ဆူပူကာပျော်စရာကောင်းစေတာဖြစ်သည်။

အခန်းထဲကလူတွေကို ဟေသာကြည့်လိုက်တော့ နေ့တစ်ဝက်လုံးစာမသင်ရမှာကိုပျော်ရွှင်နေကြတာမြင်မကောင်းပေ။ ဟေသာလည်းပျော်ပေမယ့် သူတို့ကတော့ထိန်းမရတာဖြစ်သည်။ မယ်ရီဆိုပိုဆိုး နာမည်စာ ရင်းပေးထားတဲ့ဟိန်းသပွဲဦးထွက်ကြောင့် ဟိန်းသထက်သူကပိုပြီးစိတ်လှုပ်ရှားနေတာဖြစ်သည်။ အခုလည်းသူကအတန်းထဲကလူတွေကို ဒိုင်ခံစီစဉ်နေတာဖြစ်သည်။

ရှေ့ဘက်က လေးတန်းမြောက်ဟေသာ့ထိုင်ခုံနေရာလေး၊ အူတူတူလေးထိုင်‌နေတဲ့ဟေသာ့ကို သူငေးကြည့်မိနေရင်းမှ ... သူ့ဆီကိုထလာတဲ့ဟေသာ။ ဆံပင်လေးနှစ်ဖက်ကိုကျစ်စမြီးလေး တစ်ဖက်စီခွဲပြီးစီးကျစ်ထားတာမို့၊မနက်ကျောင်းလာထဲကသူ့မှာအသည်း တယားယားဖြစ်နေခဲ့တာဖြစ်သည်။လျော့ကျဲ ကျဲလေးဖြစ်နေတဲ့ ရှေ့ကထိုကျစ်စမြီးလေးနှစ်ဖက် ... ဟေသာနဲ့တကယ်လိုက်ဖက်သည်။

သူ့နားမှာလာရပ်နေတဲ့ ဟေသာ ... သူ့စားပွဲခုံပေါ်ရောက်လာတဲ့ သူမရဲ့လက်ချောင်းသွယ်သွယ်လေးတွေ။ ထိုလက်ချောင်းသွယ်သွယ်လေးတွေပေါ်မှ မသိမသာဆိုးထေးထားတဲ့ အနုရောင်လှလှလက်သည်းခွံလေးတွေ၊ထိုအပေါ်မှ sticker အလှသေးသေးလေးတွေကချစ်စရာဖြစ်နေသည်။

အခုထိသူ့အနားကိုဘာလာလုပ်မှန်းမမေးမိပေမယ့်၊ ခုံပေါ်ကလက်သည်းခွံနုရောင်လေးတွေကိုသူ့လက်ညိုးနဲ့ထိကြည့်လိုက်တာဖြစ် သည်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now