အပိုင်း (၇)

4.6K 258 8
                                    

Unicode

ညနေဘက်ကျောင်း‌ဆင်းတော့ လူဘုန်းသန့်မှာထားတဲ့အတိုင်း စာအုပ်ငှားပေးလိုက်ဖို့ရာ ဟေသာ တစ်ယောက် စာသင်ခန်းထဲစောင့်ရင်းကျန်ခဲ့ရသည်။ ဒီနေ့ရဲ့နောက်ဆုံးစာသင်ချိန်က self study ချိန်ဖြစ်တာမို့ ... လူဘုန်းသန့်ကအကြောင်းပြကာ ‌ဟိုဘက်အ‌ဆောင်က ကျောင်းရေကူးကန်ရှိရာဘက်မှာရေသွားကူးနေခြင်းဖြစ်သည်။

အနောက်ဆုံးအတန်းဆီက ပိုင်ရှင်မဲ့ဖြစ်နေတဲ့ကျောပိုးအိတ်နှစ်လုံးသာဖြစ်သည်။

လူဘုန်းသန့်နဲ့ ဟိန်းသတို့က ကျောင်းသားရေးရာဆီကနေ အတန်းခေါင်းဆောင်ကို ရေးကူးကန်မှာ သူတို့အတွက် ‌သီးသန့်အချိန်ယူပေးခိုင်းထားဖြစ်သည်။ လူဘုန်းသန့်တို့ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ ဒီလိုအချိန်တွေမှာဖြစ်သည်၊ ရေကူးဖို့တောင်
လူရှင်းအောင်လို့ အခြေနေကိုဖန်တီးထားသေးသည်။

‌ကျောင်းဆင်းသွားတာတောင် အခန်းထဲပြန်မလာသေးတဲ့ ... နောက်ဆုံးတန်းကကျောင်း သားကြောင့် စာသင်ခုံမှာထိုင်စောင့်ရင်း ... မနက်ဖြန်အတွက် အတန်းအချိန်ဇယားကိုကြည့်နေခြင်းဖြစ်သည်။

ကြည့်လိုက်တော့ ... ဟေသာတို့မနက်ဖြန်မှာ activities class တွေရှိနေတာဖြစ်သည်။ဟေသာက activities အချိန်တွေမှာဆို film အတန်းကိုယူထားခြင်းဖြစ်သည်။ အခြားထက်ကျောင်းမှာ activities class ရှိတဲ့နေ့တွေဆို ... ကျောင်းသားတွေက flim ထက်အခြားအရာတွေကိုစိတ်ပိုဝင်စားကြသည်။ ဟေသာကတော့ ရုပ်ရှင်တွေကိုသဘောကျတာမို့ အခွင့်ရေးရခိုက်လေးမှာ film ပိုင်းကို လေ့လာဖြစ်ခြင်းဖြစ်သည်။ film class မှာကျောင်းသားလည်းနည်းတာမို့ ‌အေး‌အေး ဆေးဆေးသာဖြစ်သည်။

အခန်းဝကိုလှည့်ကြည့်မိတော့ လူဘုန်းသန့်တို့‌ရောက်မလာသေးပေ။ ခဏထပ်စောင့်လို့မှ မလာတော့ရင် ... ထပြန်ဖို့ဟေသာ ဆုံး ဖြတ်လိုက်သည်။

ထိုအချိန်ငြိမ်သက်နေတဲ့ စာသင်ခန်းထဲသို့လျှောက်လာနေတဲ့ လမ်းလျှောက်သံ၊ကျောင်းမှာကျောင်းသားတွေ သိပ်မရှိတော့တာမို့ ရိုးရိုးသာမာန်လမ်းလျှောက်သံက တောင်ကျယ်လောင်စွာကြားနေရသည်။ လမ်းလျှောက်သံလာရာ အခန်းဝသို့ကြည့်နေခိုက် ... အခန်းထဲသို့ဝင်လာတဲ့ လူဘုန်းသန့်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now