အပိုင်း (၁၇)

4.8K 270 21
                                    

Unicode

လူဘုန်းသန့် ဒီနေ့ည ... စီနီယာအချို့နဲ့အတူအသင်းက အိပ်ခန်းမှာဘဲ၊ညအိပ်ဖို့စီစဉ်ထားခြင်းဖြစ်သည်။ အိမ်မှာလည်းတစ်ယောက်ထဲ‌နေရတာမို့ နည်းပြကသူ့ကို မပြန်ခိုင်းသေးဘဲ club အသင်းမှာဘဲ ပြိုင်ပွဲနေ့ထိနေဖို့မှာထားခြင်းဖြစ်သည်။ လူဘုန်းသန့်တို့ မနက်တစ်ခင်လုံး gym ရော၊ training တွေရောအပြင် meeting နဲ့ပါအချိန်ကုန်ခဲ့ရခြင်းဖြစ်သည်။

club အသင်းမှာညဘက်ထိ လာလေ့ကျင့်သူတွေနဲ့အပျော်တမ်းလာရိုက်တဲ့လူတွေက သူ့
schedule နဲ့ရှိ‌နေတာဖြစ်ပြီး၊ လူဘုန်းသန့်တို့ကတော့ ညဘက်မှာအနားယူဖို့ခွင့်ပြုပေးခံ ထားရတာဖြစ်သည်။ စီနီယာကစားသမားတွေက သူတို့အစီစဉ်နဲ့သူတို့အပြင်ထွက်ဖို့စီစဉ်ထားကြပြီး၊ သူ့အားအသက်မပြည့်သေးတဲ့ကလေးမို့ စားချင်တာဝယ်ခဲ့ပေးမယ်အသင်းမှာသာနေခဲ့ဖို့မှာပြီးထွက်သွားကြတာဖြစ်သည်။ သူကလည်းအကိုတွေလစ်သွားတာနဲ့တစ်ပြိုင်နက် ည 9 နာရီမထိုးခင်အရောက်ပြန်လာမည်လို့ staff အကိုတစ်‌ ယောက်ကိုလာဘ်ထိုးခဲ့ပြီးခဏခိုးထွက်လာ
ခဲ့တာဖြစ်သည်။

လူဘုန်းသန့် သူတစ်ယောက်ထဲဆိုပျင်း‌နေရမှာမို့၊ ဟိန်းသကိုပါလှမ်းခေါ်ထားခဲ့ခြင်းဖြစ် သည်။ သူတို့နှစ်ယောက်သား လက်ထဲမုန့်ဘူးကိုယ်စီကိုင်လို့ လမ်းမကြီး‌ဘေးနားကပ် ရပ်တွင်ရပ်‌နေခြင်းဖြစ်သည်။

သူလမ်းတစ်ဖက်က ကျူရှင်အဆောက်အဦးကိုခဏခဏလှမ်းကြည့်လို့ လက်ထဲကမုန့်ဘူးကိုလည်းအာရုံမပြတ်သွားပေ။

" လုလု ... ဒီနေ့ကျောင်းမှာကွိုင်တတ်ကြတယ် "

ဟိန်းသကမုန့်ဘူးကမုန့်ကိုနှိုက်စားရင်းအာရုံများနေတဲ့ လူဘုန်းသန့်ကိုပြောလာခြင်းဖြစ် သည်။

" ‌အရှုပ်ထုပ်တွေပါကွာ၊အမြဲဒီလူတွေဘဲပတ်ဖြစ်နေကြတာ မပင်ပန်းဘူးလားမသိဘူး၊သတ္တိရှိရင်ဓားတစ်ယောက်တစ်လက်ကိုင်ပြီးယှဉ်ထိုးကြပေါ့ ဒီကောင်တွေ "

" မဟုတ်ဘူး ... ဒီနေ့ကဟေသာတို့ဖြစ်ကြတာ၊ ဟိုကောင်ထွဋ်ပြည့်လျှံတို့နဲ့ "

လူဘုန်းသန့်ရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားလို့မျက်ဝန်းတွေက ဟိန်းသဆီသို့ရောက်လာတာဖြစ်သည်။ ဟေသာက ဘာလို့ဒီကောင်တွေနဲ့ငြိရတာလဲ။ ကျွံသွားတဲ့စကားပြန်နှုတ်ဖို့ခက်တာ ဟေသာ့ကိုဓားတစ်ချောင်းနဲ့ကွင်းထဲ လွှတ်လိုက်ဖို့ကသူစဉ်းတောင်မစဉ်းခဲ့ဖူးတာဖြစ်သည်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now