အပိုင်း (၉)

4K 212 9
                                    

Unicode

ကျောင်းရဲ့ဒုကျောင်းအုပ်ရုံးခန်းတွင်ဖြစ် သည်၊ လူဘုန်းသန့်နဲ့ဟိန်းသတို့နှစ်‌ယောက်ကို ဒုကျောင်းအုပ်ကြီးက သူ့ရုံးခန်းသို့ကြွခဲ့ပါလို့ ဖိတ်ထားတာကြောင့်ရောက်ရှိနေခြင်းသာဖြစ်သည်။ ရုံးခန်းထဲအရောက်တွင်တော့သူတို့သာမက သူတို့ကျောင်းကအခြားသော အားကစားသမားများလည်း ရှိနေသည်မို့ နည်းနည်းတော့ သက်သောင့်သက်သာရှိလှသည်။ဒုကျောင်းအုပ်က သူတို့အားကစားသမားတွေနဲ့အရောတဝင်ရှိတာမို့သူတို့အတွက်က အေးဆေးဖြစ်သည်။

လူဘုန်းသန့်တစ်ယောက်ကတော့ ဒုကျောင်း အုပ်မရှိသေးတဲ့ ‌ကျောင်းအုပ်ရုံးခန်းရဲ့ ဆိုဖာပေါ်မှာလှဲလျောင်းနေလို့ ... အခြားသော ကျောင်းသားတွေရဲ့စကားတွေကိုနားစွင့်နေမိသည်။ ၁၀ မိနစ်လောက်ရှိတော့မယ် ခေါ်ထားပြီးခုထိရောက်မလာသေးတာ သူလည်း လှဲနေရုံကလွဲပြီးမတတ်နိုင်တော့ပေ၊ ဘာကြောင့်ဆို သူမနေ့ကညနေပိုင်း training ပြေးကာ ရုပ်ရှင်သွားကြည့်ခဲ့သည်မို့ နည်းပြက သူ့ကိုကျောင်းမတက်ခင်၊ မနက်အစော ကြီး training ဆင်းခိုင်းထားခဲ့တာဖြစ်သည်။ သူတကယ်လှဲချင်နေတာဖြစ်သည် ...10 မိနစ် လောက်မှေးလိုက်ရလဲသူ့အတွက်အဆင်ပြေပါသည်။

ထူးထူးခြားခြား ... လူစုံတတ်စုံခေါ်ထားတာ မဟုတ်မှ ထူးပြည့်ဝ ပြောထားခဲ့သလို အား ကစားကဏ္ဍအတွက် budget တွေဘာတွေများတိုးပေးမလို့လားမသိပေ။

" မင်းတို့မနေ့ကငါ့ကိုထားသွားတာနည်းနည်းတော့ရင်နာရတယ်နော်၊ သစ္စာဖောက်
ကောင် "

ဆိုဖာပေါ်လှဲနေတဲ့သူ့ကို၊ ဟိန်းသက ဟိုကောင်ထူးပြည့်ဝ ပို့‌ပေးထားတဲ့ပုံကြောင့်ရန်လာရှာနေခြင်းဖြစ်သည်။

" မင်းက training ဆင်းနေတာကို "

" မင်းစောက်ရေးမပါတာမပြောနဲ့ ...ကျောင်း training တွေလောက်ကပျက်လဲရတာကို၊မင်းတောင် club training ပျက်ပြီးတော့‌ တောင်သွားပြီးတော့ "

" အေးကွာ ... အေးကွာ ဒီလိုဆိုလည်းနောက်တစ်ခါကျခေါ်မယ်ကွာ၊ ခုတော့ ခဏလေးလှဲလိုက်အုန်းမယ် "

" ရုံးခန်းမရှောင်၊ ဘာမရှောင် အချိန်ပြည့် သေဖို့ဘဲသိတဲ့ကောင် "

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now