အပိုင်း (၅)

5K 259 5
                                    

Unicode

" လုလု ... သွားမယ်လေ "

တက်ကြွနေတဲ့ထူးပြည့်ဝက ဆိုင်ရဲ့စားပွဲခုံပေါ် ခေါင်းတင်ရင်းအပျင်းထူနေတဲ့ လူဘုန်းသန့် နားသို့ရောက်လာခြင်းဖြစ်သည်။

" ကျောင်းမသွားချင်ဘူး "

" မင်းကျောင်းရှေ့ဘဲရောက်နေတာကို၊ဘာကျောင်းမသွားချင်တာလဲ "

" ငါ training ရှိတယ်ဆိုပြီးပြန်တော့မယ် "

ဒါ လူဘုန်းသန့်ရဲ့အကွက်တွေဖြစ်သည်။ ကျောင်းရှေ့ထိရောက်လာတဲ့တိုင် ...ကျောင်း ထဲ မဝင်ချင်ဘူးဟုဆိုကာ ပြန်ပြန်သွားတတ်သည်။ ကျောင်းဂုဏ်လေးဆောင်ထားလို့ပေါ့ မဟုတ်ရင် ကျောင်းအုပ်ကြီးရုံးခန်းက သူ့အိမ်လိုဖြစ်နေမှာဖြစ်သည်။

" ထကွာ ... အရေးထဲမှဘဲသောက်ပျင်းလာထနေတယ် ထ ... ဟဲ့ရောင် ထ "

လူဘုန်းသန့်ကို ဂုတ်ကနေဆွဲရင်း၊ခေါ်ထုတ်လာတဲ့ ထူးပြည့်ဝနဲ့သူက မနှစ်ကစာသင်နှစ်မှာအခန်းဖော်တွေဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်မှာ ထိုအချိန်ထဲကစ၍ ဒီနှစ်စာသင်နှစ် အခန်းမတူတော့တဲ့တိုင်၊ ရင်းနှီးနေကြခြင်းသာဖြစ်သည်။

" လူဘုန်းသန့် ... "

ကျောင်းဝင်းထဲခြေလှမ်းချတာနဲ့ လှမ်းခေါ်ခံလိုက်ရတဲ့ သူနာမည်၊ ကျောင်းမလာချင်ပါဘူးဆိုမှ ... ဂန္ဓဝင်နဲ့ပါလာတိုးနေသည်။ သူနဲ့ဂန္ဓဝင်ကြားကပတ်သတ်မှုကို ရှင်းလင်းအောင်လုပ်ဖို့ ကြိုးစားနေပေမယ့်၊ ဂန္ဓဝင်ကတော့ ဂရုမစိုက်တဲ့ပုံပင်။

ခုလည်း ဟိုးနေ့ကဘာမှမဖြစ်ခဲ့ကြတဲ့အတိုင်းလာ နှုတ်ဆက်နေသည်။

" လုပ်ပါအုန်း "

ဘေးက ထူးပြည့်ဝကိုသူ တိုးတိုးတိတ်တိတ်၊အကူအညီတောင်းလိုက်မိသည်။

" ငါကဘုရားမှမဟုတ်တာ၊ငါဘာလုပ်လို့ရမှာလဲ "

" မင်း "

ပြောရင်း၊ဆိုရင်းမှဘဲအနားသို့ရောက်လာသည့် ဂန္ဓဝင် ... သူတစ်ခါပြတ်ပြတ်သားသားငြင်းထားပြီးပြီ ... သူ နောက်တစ်ခါအတွက် ဘယ်လိုထပ်ငြင်းရမလဲ။

" လူဘုန်းသန့် "

" အင်း "

သူတည်ငြိမ်စွာနဲ့ပင်ပြန်ဖြေလိုက်သည်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now